နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုကို ဇူလိုင် ၁ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်(Case Management Program) ပြုလုပ်ခဲ့ကာ နောက်ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦး၀င်းမြင့်ကို စစ်ဆေးမှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီး ဦးမင်းသူတို့ကို အစဉ်အတိုင်း စစ်ဆေးသွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်သွားပြီးနောက် စစ်တပ်က တရားမဝင်အာဏာသိမ်းကာ နိုင်ငံခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းကျမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲကာ ရာဇတ်ကြီးပုဒ်မ ၁၃၀-က နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။