ဘရာဇီးလ် ခရီးသည်တင် ဂျက်လေယာဉ် ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်

ဓာတ်ပုံ - ရိုက်တာ
အေဗီယန်ကာ ဘရာဇီးလ် ခရီးသည်တင်လေယာဉ်လိုင်းက ဂျက်လေယာဉ်တစီးဟာ အဆင်းဂီယာက သုံးမရ ဖြစ်ခဲ့လို့ မတ်လ ၂၈ ရက်နေ့က ဘရာဇီးမြို့တော်မှာရှိတဲ့ ဘရပ်စီးလီးယား လေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ [caption id="attachment_54106" align="alignleft" width="400"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption]လေယာဉ်ပေါ်က ခရီးသည် ၄၉ ယောက်နဲ့ အမှုထမ်း ၅ ယောက် အားလုံး ဘယ်သူမှ ဒဏ်ရာ မရခဲ့ဘူးလို့ ဆိုပါတယ်။ လေယာဉ်ကတော့ ပြေးလမ်းပေါ်ကို နောက်ဘီးနဲ့ ဆင်းခဲ့ပြီးမှ လေယာဉ်ခေါင်းပိုင်းကို တဖြည်းဖြည်း နှိမ့်ချခဲ့တယ်လို့ ဘရာဇီး လေတပ်က ပြောပါတယ်။ လေ ယာဉ်မီးလောင်မှုက ကာကွယ်ဖို့ လေဆိပ်မီးသတ်သမားတွေက လေယာဉ်ကို အမြှုပ်တွေနဲ့ ဖြန်းပက်ခဲ့တာပါ။ လေယာဉ်ကို အရေးပေါ် မဆင်းသက်မီ လေယာဉ်မှူးက အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး လေယာဉ်ရဲ့ အလေးချိန် ပေါ့သွားအောင်နဲ့ လောင်စာတွေ ကုန်သွားအောင် ဘရာဇီးမြို့တော်ကို ပတ်ပြီး လေယာဉ်ကို မောင်းနေခဲ့ရပါတယ်။ ဒီမတော်တဆမှုကြောင့် ဘရာဇီးရဲ့ စတုတ္ထအကြီးဆုံး လေဆိပ်က လေယာဉ်ပြေးလမ်း ၂ ခုထဲက တခုကို ပိတ်ထားခဲ့ရလို့ လေကြောင်းခရီးစဉ်တချို့ နှောင့်နှေးခဲ့ရပါတယ်။

//
More News
Up