တူရကီတွင် ရေကြီးရေလျှံပြီး တံတား ၁ စင်း ပြိုကျ

တူရကီနိုင်ငံ ပင်လယ်နက်ဒေသမှာ  ဇွန် ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ပြည်နယ် ၆ ခုမှာ ရေကြီးရေလျှံခဲ့လို့ ရေစီးကြောင့် တံတားတစင်း ပြိုကျခဲ့ပါတယ်။

အီနဲဘိုလူမြို့ ဆိုခဲချောင်းပေါ်က တံတားတစင်း ပြိုကျပြီး ရေစီးနဲ့ မျောပါသွားပုံကို ရုပ်သံတွေမှာ မြင်တွေ့ရပါတယ်။ အနီးနားက အိမ်တွေရဲ့ မြေညီထပ်တွေ ရေနစ်မြုပ်နေပြီး အနားက လူနေရပ်ကွက်တွေ ရေလျှံလို့ ပျက်စီးကုန်ပါတယ်။

ရေကြီးရေလျှံမှု ကြီးကြီးမားမားဖြစ်ခဲ့တဲ့ ပြည်နယ် ၃ ခုက ပြည်သူ ၂၃၅ ယောက်ကို ဘေးကင်းရာနေရာဆီ ရွှေ့ပေးခဲ့ရတယ်လို့ သဘာဝဘေးနှင့် အရေးပေါ် စီမံခန့်ခွဲရေးဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

ဒေသခံတွေ လာမယ့်နှစ်ရက်အတွင်း အိမ်တွေကနေ မထွက်ကြဖို့ ဒေသအာဏာပိုင်တွေက သတိပေးထားပါတယ်။

//
More News
Up