မြဝတီမြို့- ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ ဖားချောင်းတံတား မိုင်းခွဲခံရ

မြန်မာ-ထိုင်းနယ်စပ်နဲ့ ၈ ကီလိုမီတာခန့်အကွာရှိတဲ့  မြဝတီ- ကော့ကရိတ်အာရှလမ်းမကြီးပေါ်က ဖားချောင်းတံတားကို ဇွန် ၂၆ ရက် ည ၁၀ နာရီ ၂၀ မိနစ်လောက်က မိုင်းခွဲခံရတယ်လို့ မြဝတီမြို့ခံ‌တွေက ပြောပါတယ်။

ပေါက်ကွဲတဲ့နေရာနဲ့ အနီးဆုံးမှာ စက်သုံးဆီဆိုင်ကြီးတဆိုင်ရှိပြီး  တံတားဖောက်ခွဲခံရချိန် တံတားနားမှာ လုံခြုံရေးတပ်ဖွဲ့တွေ လုံခြုံရေးယူထားတာ မရှိသလို ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုအနည်းငယ်သာရှိပါတယ်။ 

ပေါက်ကွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်လဲဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ဖော်ပြောဆိုတာတော့ မရှိပါဘူး။ 

မြဝတီမြို့မှာ  ၂၀၂၂ ခုနှစ်အတွင်း  ၃ ကြိမ်တိတိ မိုင်းပေါက်ကွဲခဲ့ပေမဲ့ ပျက်စီးမှုကြီးကြီးမားမား မရှိခဲ့တာကြောင့် နယ်စပ် ကုန်သွယ်စီးပွားရေးအတွက်တော့ ဒီလမ်းမကြီးကနေ ပုံမှန်သွားလာနေကြပါတယ်။

//
More News
Up