ဘဲလာရုစ်နိုင်ငံကို အစ်ကန်ဒါအမ်ဒုံးကျည်စနစ် ထောက်ပံ့မည်ဟု ရုရှားသမ္မတပြော

အနောက်နိုင်ငံတွေရဲ့ ရန်လိုမှုကို တုံ့ပြန်ဖို့ ရုရှအစိုးရဟာ ဘဲလာရုစ်နိုင်ငံအတွင်း အစ်ကန်ဒါ အမ် အမျိုးအစား  ဒုံးကျည်စနစ်တွေကို လနည်းနည်းအတွင်း ထောက်ပံ့ပေးမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘဲလာရုသမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ ဇွန် ၂၅ ရက် ရုပ်သံတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

စိန့်ပီတာစဘတ်မြို့မှာ ကျင်းပတဲ့ အစည်းအဝေး လူကာရှန်ကိုက အိမ်နီးချင်း လစ်သူယေးနီးယားနဲ့ ပိုလန်တို့ရဲ့ "ရန်လိုတဲ့၊ ထိပ်တိုက် ရင်ဆိုင်မှု" နဲ့ မူဝါဒတွေကြောင့် ဘဲလာရုစ်ကို စိုးရိမ်မိတယ်လို့ ပူတင်ကို ပြောခဲ့ပါတယ်။

ဘဲလာရုစ်နယ်စပ်နားမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်အဖွဲ့က နျူကလီယား လက်နက်တွေ တပ်ဆင်ထားတဲ့ လေယာဉ်တွေ ပျံသန်းနေတာကို တုံ့ပြန်ရေး ကူညီပေးဖို့ ပူတင်ကို တောင်းဆိုခဲ့တာပါ။ အထူးသဖြင့် ဘဲလာရုစ် စစ်လေယာဉ်တွေ နျူကလီးယားဒဏ် ခံနိုင်ရည်ရှိစေဖို့ အကူအညီ တောင်းခဲ့ပါတယ်။

ပူတင်ကတော့ ဘဲလာရုစ်ရဲ့ ရုရှားနိုင်ငံထုတ် Su-25 ဂျက်လေယာဉ်တွေကို လိုအပ်ရင် ရုရှား စက်ရုံတွေမှာ အဆင့်မြှင့်တင်နိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆိုဗီယက်ခေတ်က စကာ့ဒ်ဒုံးကျည်ကို အစားထိုးတဲ့ "SS-26 Stone" လို့ နေတိုးက နာမည်ပေးထားတဲ့ ရွေ့လျား ပဲ့ထိန်းဒုံးကျည်စနစ် Iskander-M ကို ထောက်ပံ့ပေးမယ်လို့ ပူတင်က ကတိပြုခဲ့ပါတယ်။ 

အဲဒီ ပဲ့ထိန်းဒုံးကျည်ဟာ အကွာအဝေး ၅၀၀ ကီလိုမီတာ (မိုင် ၃၀၀) အထိ ပစ်ခတ်နိုင်ပြီး သမားရိုးကျ ဒုံးကျည်ထိပ်ဖူးတွေကိုရော နျူကလီးယား ထိပ်ဖူးတွေကိုပါ သယ်ဆောင်နိုင်ပါတယ်။ 

//
More News
Up