ဒီးမော့ဆိုတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွား၊ PDF ရဲဘော် ၃ ဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ ဒေါငံခါး​ကျေးရွာရှိ ပြည်သူ​နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဇွန် ၂၅  ရက်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇွန် ၂၅ ရက်နေ့ မနက် ၆ နာရီမှ ​မွန်းလွဲ ၂ နာရီအထိ ၈ နာရီလောက်ကြာ တိုက်ပွဲပြင်းထန်ခဲ့သလို ​စစ်ကောင်စီဘက်က ရဟတ်ယာဥ်တစီးနဲ့ ၂ ကြိမ် ​ထောက်လှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဒီး​မော့ဆိုမြို့နယ်၊ ကုန်း​သာကျေးရွာနဲ့ သေးဆူလဲ​ကျေးရွာမှာလည်း စစ်​ကောင်စီတပ်ဖွဲ့နဲ့ ပူး​ပေါင်းမဟာမိတ်တပ်ဖွဲ့တို့ကြား မနေ့မနက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့သလို ဒီး​မော့ဆိုနယ်၊ မြို့မရဲစခန်းမှာလည်း မိနစ်အနည်းငယ်ပစ်ခတ်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ပွဲများတွင်း စစ်​ကောင်စီတပ်ဖွဲ့ ထိခိုက်​သေဆုံးမှုတွေရှိပြီး ပူး​ပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-Local PDF)၊ KA၊ KNDF၊ လွိုင်​ကော်(PDF)၊ KRU၊ အလယ်ပိုင်းတိုင်း ၁၁၀၂ နဲ့ အခြား​တော်လှန်​ရေးတပ်အင်အားစုတို့ ပါဝင်ပူး​ပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုအခြေအနေကို စစ်ကေင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

//
More News
Up