ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ ဆိပ်မူကျေးရွာ အခြေခံပညာအထက်တန်းကျောင်းအနီးမှာ ဇွန် ၂၄ ရက် ဒီနေ့လယ်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး အဆောက်အဦ အနည်းငယ် ထိခိုက်ခဲ့တယ်လို့ ကျောင်းအနီးနေထိုင်သူ ဒေသခံတဦးကပြောပါတယ်။
“နေ့လယ် ၁၂ နာရီလောက် ပေါက်တာ၊ ကျောင်းသားတွေ စာသင်နေချိန်ပေါက်တာ၊ လူထိခိုက်တာတော့ မရှိဘူး။ အဆောက်အဦတွေတော့ အနည်းငယ်ပျက်စီးသွားတယ်။”
ဗုံးပေါက်ကွဲမှုဖြစ်ပွားအပြီး မိဘတွေက ကျောင်းသားတွေကို ပြန်လည်ခေါ်ယူသွားကြတာရှိသလို စာဆက်လက်သင်ကြားနေသူ ကျောင်းသားတွေလည်း ရှိတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာက အခြေခံပညာကျောင်းမှာလည်း ဇွန် ၄ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။