မန်ယူနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ပေါ့ဘာကို ဂျူဗင်တပ်ပြန်လည်ခေါ်ယူ

အီတလီထိပ်သီးကလပ် ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ကွင်းလယ်လူပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။ 

ပေါ့ဘာဟာ မန်ယူ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်မှာ အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေတာပါ။ 

ပြင်သစ်ကွင်းလယ်လူဟာ ပီအက်စ်ဂျီအသင်းနဲ့လည်း သတင်းထွက်ပေါ်ခဲ့ပေမယ့် အသင်းဟောင်း ဂျူဗင်တပ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။ 

အသက် ၂၉ နှစ်ရှိ ပေါ့ဘာကို ၄ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး မကြာခင်မှာပဲ ဂျူဗင်တပ်အသင်းက တရားဝင်သတင်းထုတ်ပြန်ပေးဖို့ရှိပါတယ်။ 

ပေါ့ဘာဟာ ၂၀၁၂ ခုနှစ်က မန်ယူအသင်းကနေ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မန်ယူအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၈၉ သန်းနဲ့ ပြန်လည်ပြောင်း ရွှေ့ လာခဲ့သူပါ။ 

မန်ယူအသင်းနဲ့ ၆ နှစ်ကြာ ဖြတ်သန်းခဲ့အပြီးမှာတော့ ဂျူဗင်တပ်ဆီ ဒုတိယအကြိမ် ပြန် လည်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ 

//
More News
Up