ဒီယွန်းအတွက် မန်ယူအသင်း၏ ပေါင် ၅၆ သန်းဖြင့် ကမ်းလှမ်းချက် ဘာစီလိုနာ ပယ်ချ

ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူ ဖရန့်ကီဒီယွန်းအတွက် မန်ယူအသင်းရဲ့ ပေါင် ၅၆ သန်းနဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပါတယ်။ 

မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်ဟာ အသင်းဟောင်း အိုင်ယက်အသင်းမှာ အတူလက်တွဲခဲ့ဖူးတဲ့ ဖရန့်ကီဒီယွန်းကိုခေါ်ယူဖို့ ပစ်မှတ်ထားကြိုးပမ်းနေတာပါ။ 

မန်ယူအသင်းက ပေါင် ၅၆ သန်းနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဘာစီလိုနာအသင်းက  ပယ်ချသွားခဲ့ပြီး အခုထက်ပိုတဲ့ ပြောင်းရွှေ့ကြေးရဖို့ အလိုရှိနေပါတယ်။ ဘာကာဟာ  ဟော်လန်ကွင်း လယ်လူ ဒီယွန်းကို ၂၀၁၉ ခုနှစ်က အိုင်ယက်ကနေ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်က ပြောင်းရွှေ့ကြေးအတိုင်း အနည်းဆုံးရဖို့ မျှော်လင့်နေတာပါ။ 

စပိန်သတင်းစာမာကာကတော့ မန်ယူအသင်းဟာ ဒီယွန်းကိုခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှုရရှိအောင် မစွမ်းဆောင်နိုင်သေးဘဲ ပထမအကြိမ် ကမ်းလှမ်းချက်ဟာလည်း ပယ်ချခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။ 

မန်ယူအသင်းအနေနဲ့ ဒုတိယအကြိမ်ကမ်းလှမ်းမယ်ဆိုရင် နောက်ထပ်ပေါင် ၉ သန်းပိုပေးပြီး ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းမှသာ ဘာစီလိုနာအသင်းဘက်က လက်ခံစဉ်းစားသွားဖို့ရှိနေပါတယ်။ 

//
More News
Up