Home
သတင်းတို
ဇောတိက ကနေ သဘာဝဓာတ်ငွေ့ တနေ့ ကုဗပေ သန်း ၁၀၀ ရတော့မည်
DVB
·
March 28, 2014

ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ ဖက်စပ် အကောင်အထည်ဖော်တဲ့ ဇောတိက ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကနေ မြန်မာနိုင်ငံအတွက် လက်ရှိ တနေ့ ကုဗပေ သန်း ၅၀ ပို့လွှတ်ရာကနေ လာမယ့် ဧပြီ ၁ ရက်နေ့ကစ ကုဗပေ သန်း ၁၀၀ ပေးတော့မယ်လို့ PTTEP ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

AD_PTTEP copyဇောတိက စီမံကိန်းကနေ သဘာဝ ဓာတ်ငွေ့ တရက် ကုဗပေ သန်း ၃၀၀ ထုတ်ယူနေပြီး သန်း ၂၀၀ ကိုတော့ ထိုင်းနိုင်ငံကို သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကနေ တဆင့် တင်ပို့နေတယ်လို့ ဆိုပါတယ်။

အခု နွေရာသီကာလ ရေအား ကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မှု ကျဆင်းလာချိန် ကမ်းလွန် စီမံကိန်းကနေ သဘာဝဓာတ်ငွေ့ ပိုရလာတဲ့အတွက် ရန်ကုန်ဧရိယာ လျှပ်စစ်မီးပေးရေးအတွက် ပိုအဆင်ပြေတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီ ကို ပြောပါတယ်။

ဇောတိက ကမ်းလွန်သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းကို ထိုင်း PTTEP က ၈၀ ရာခိုင်နှုန်းနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့က ၂၀ ရာခိုင်နှုန်း အချိုးစီ ပိုင်ဆိုင်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024