Live
Home
မြန်မာသတင်း
ဘီးလင်း အန်အယ်လ်ဒီအမတ် အပါအဝင် ၄ ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ၁ ဦး သေဆုံး
DVB
·
June 23, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လယ်ကတဲကျေးရွာအနီးမှာ ဇွန် ၂၂ ရက် နေ့လယ် ၁ နာရီလောက်က ဘီးလင်း အန်အယ်လ်ဒီအမတ် ဦးကျော်မျိုးမင်း အပါအဝင် ၄ ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ဥက္ကဋ္ဌ  အန်အယ်လ်ဒီ အမတ် ဦးကျော်မျိုးမင်း၊ ရပ်ကျေး အန်အယ်လ်ဒီပါတီဝင်တွေဖြစ်တဲ့ ဦးပန်းမြင့်၊ ဦးကိုကိုမောင်နဲ့ ရွာသားတယောက်တို့ဟာ  အလုပ်ကိစ္စတစ်ခုနဲ့ အပြန် လယ်ကတဲကျေးရွာအရောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုးပြီး ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာပါ။

ပစ်ခတ်မှုကြောင့် ရွာသားတယောက် သေဆုံးခဲ့ပြီး  အန်အယ်လ်ဒီအမတ် ဦးကျော်မျိုးမင်း အပါအဝင် ၃ ဦးကိုတော့ စစ်ကောင်စီတပ်က ဘီးလင်းမြို့နယ် ဒေါဇံကြီးဘုန်းကြီးကျောင်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။

ဦးကျော်မျိုးမင်းဟာ ၂၀၂၀ အထွေထွေးရွေးကောက်ပွဲမှာ ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရတာဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ပုဒ် ၅၀၅(ခ)နဲ့ အမှုဖွင့်ခံထားရတာကြောင့် တိမ်းရှောင်နေတာပါ။

အခုလိုဖမ်းဆီးခံရပြီးနောက် သူတို့နဲ့ ဆက်စပ်ပတ်သက်သူတွေ သတိပြုရှောင်ရှားကြဖို့ ကေအန်ယူ သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကလည်း အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။

အန်အယ်လ်ဒီအမတ် ဦးကျော်မျိုးမင်းဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024