ထိုင်ဝမ်နှင့် စစ်ရေးဆိုင်ရာ ဖလှယ်မှုအားလုံး ရပ်တန့်ရန် အမေရိကန်ကို တရုတ်တိုက်တွန်း

ထိုင်ဝမ်နဲ့ တရားဝင်ရော စစ်ရေးဆိုင်ရာပါ ဖလှယ်မှုအားလုံးကို ရပ်တန့်ဖို့နဲ့ ဒေသတွင်း လက်နက်ရောင်းချမှု ရပ်တန့်ဖို့ တရုတ်အစိုးရက အမေရိကန်ကို မနေ့က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ ထိုင်ဝမ်ဒေသတွင်း လက်နက်ရောင်းချရေး ဆွေးနွေးမှုအပေါ် ထင်ကြေးပေးထားတဲ့ မီဒီယာတွေရဲ့ သတင်းတွေအတွက် မှတ်ချက်ပေးဖို့ မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က ခုလို ပြောလိုက်တာပါ။

အမေရိကန်နဲ့ ထိုင်ဝမ်ကြား ဖလှယ်မှုများကို တရုတ်နိုင်ငံက ဆန့်ကျင်တယ်လို့ ထုတ်ပြောလိုက်ပြီး ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေး ဝါဒီတွေကို ထောက်ပံ့တာ ရပ်တန့်ဖို့ အမေရိကန် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

“အမေရိကန်နဲ့ ထိုင်ဝမ်တို့ကြား တရားဝင် စစ်ရေးအဆက်အသွယ်တွေအပြင် ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းချမှုတွေကိုလည်း အမြဲတမ်း ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပါတယ်။ တရုတ်တနိုင်ငံတည်း မူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးရပ်ကို လိုက်နာဖို့နဲ့ တရားဝင် ထိတွေ့ဆက်ဆံနေတာတွေ ရပ်တန့်ဖို့ အမေရိကန်ကို တိုက်တွန်းထားပါတယ်။ အဆက်အသွယ်တွေ၊ စစ်ရေးအရ ဆက်သွယ်မှုတွေ၊ ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေ ရပ်တန့်ဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးတပ်တွေကို ထောက်ပံ့ တာတွေ ရပ်တန့်ဖို့” ဝမ်​က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

တရုတ်တနိုင်ငံတည်း မူဝါဒ၊ တရုတ်-အမေရိကန် မူဝါဒသုံးခု၊ ပူးတွဲကြေညာချက်တွေဟာ တရုတ်နဲ့ အမေရိကန်တို့ကြား အရေးကြီးတဲ့ နိုင်ငံရေးသဘောတူညီချက်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် နိုင်ငံရေးအခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်။

//
More News
Up