လီဗာပူးအားကစားဒါရိုက်တာဟောင်းကို ခေါ်ယူရန် မန်ယူနှင့် ချဲလ်ဆီး အပြိုင်ကြိုးပမ်း

မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ဟာ လီဗာပူးအသင်းမှာ အောင်မြင်တဲ့ အပြောင်းအရွှေ့တွေကို ဆောင်ရွက်ခဲ့တဲ့ ဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝါ့ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေပါတယ်။

အက်ဒ်ဝါ့ဟာ ဂိုးသမားအလစ်ဆန်၊ နောက်ခံလူ ဗန်ဒိုက်နဲ့ ရော်ဘတ်ဆန်၊ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မိုဆာလာ၊ မာနေး အပါအဝင် ဖာဘင်ညိုနဲ့ သီယာဂိုဆေးလ်ဗားတို့ကိုပါ ခေါ်ယူခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ဆောက်ရွက်ခဲ့တာပါ။

အက်ဒ်ဝါ့ဟာ ၂၀၁၁ ခုနှစ်က ကစားသမားတွေရဲ့ အချက်အလက်ကို လေ့လာသုံးသပ်သူ တာဝန်ခံအနေနဲ့ ရောက်ရှိလာခဲ့ပေမဲ့ အားကစားဒါရိုက်တာရာထူးအထိ တိုးမြှင့်တာဝန်ယူခဲ့ပြီး အောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကမှ လီဗာပူးနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက်မှာ မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာပါ။

မန်ယူအသင်းဟာအသင်းရဲ့ ပထမဆုံး ဘောလုံးဒါရိုက်တာအနေနဲ့ ဂျွန်မာတာကို ခန့်အပ်ထားပေမဲ့ အက်ဒ်ဝါ့ကိုပါ ခေါ်ယူလိုနေပါတယ်။

အလားတူ ချဲလ်ဆီးဟာလည်း အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးတဲ့ ဒါရိုက်တာတဦးဖြစ်သူ မာရီနာက အသင်းကထွက်ခွာတော့မှာဖြစ်လို့ အက်ဒ်ဝါ့ကို အစားထိုးခေါ်ယူလိုနေတာ ဖြစ်ပါတယ်။

//
More News
Up