မွန်ပြည်နယ်၊ မုဒုံ-မော်လမြိုင်သွားကားလမ်းရှိ မုဒုံမြို့နယ် အဘစ်ကျေးရွာအနီးမှာ ဒီနေ့ ဇွန် ၂၂ ရက် နေ့လယ် ၁ နာရီကျော်လောက်က ဆီဘောက်ဆာတွဲကား တိမ်းမှောက်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူ ၁ ဦး သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွားရာနေရာကို သံဖြူဇရပ် မုဒုံမီးသတ်တပ်ဖွဲ့ဝင်တွေက မိနစ်အနည်းငယ်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဆီဘောက်ဆာတွဲကားပေါ်ပါသူ ၁ ဦး မီးလောင်သေဆုံးသွားခဲ့ပြီး သက်ဆိုင်ရာက ဆီဘောက်ဆာ တိမ်းမှောက်မီးလောင်ခဲ့ရတာနဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။
ရေး-မော်လမြိုင်သွား ကားလမ်းမမှာ ယာဉ်မဆင်မခြင်မောင်းနှင်တာကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဆိုပါယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရသူ ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း အနည်းဆုံး ၁ ဒါဇင်နီးပါးလောက်ရှိကာ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိနေပါတယ်။
အခုလို မိုးတွင်းဘက်ရောက်လာတာနဲ့အမျှ ယာဉ်မောင်းတွေအနေနဲ့ ကားကို သတိရှိစွာ မောင်းနှင်ကြဖို့၊ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကိုလည်း လေးစားလိုက်နာကြဖို့ ထုတ်ြပန်ကြေညာထားပါတယ်။