Home
သတင်းဓာတ်ပုံ
မိုးဗြဲ နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်များ တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကျင်းပ (ဓာတ်ပုံ)
DVB
·
June 19, 2022

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့ တည်ထောင်တာ ၁ နှစ်ပြည့်အခမ်းအနားကို ဇွန် ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ရဲဘော်တွေ ဘင်ခရာတီးဝိုင်းနဲ့ စစ်ရေးပြတာ၊ ဒီမိုကရေစီတိုက်ပွဲမှာ အသက်ပေးသွားခဲ့ရတဲ့ ရဲဘော်တွေကို အလေးပြုပြီးနောက် မိုးဗြဲနဲ့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ပေါက်လာပုံ ဖြစ်စဉ် သမိုင်းအကျဉ်းကို ဖတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။

အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်-စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့တွေက ခေါင်းဆောင်တွေ၊ NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ တက်ရောက်ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024