စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးစာကျကျေးရွာမှာ ဇွန် ၁၈ ရက် ဒီနေ့မွန်းလွဲ ၁ နာရီလောက်က ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အဦ ၈ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့သလို ရွာသားတယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် ဂုဏ်တောကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က လာရောက်မီးရှို့ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ယင်းမာပင်မြို့ဘက်ကနေ မုံရွာ(နမခ)ဘက်ကို ထွက်ခွာလာမယ့် စစ်ကောင်စီကားတန်းအတွက် ကြိုတင်လုံခြုံရေးယူထားတဲ့တပ်ဖွဲ့ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။