Live
Home
မြန်မာသတင်း
တီးတိန်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံး၊ ၁၅ ဦးထက်မနည်း ဒဏ်ရာရ
DVB
·
June 18, 2022

ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ဇွန် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးကာ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ PDF-Zoland က သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၆ ရက်မှာ ကလေးမြို့ကနေ ကား ၁၇ စီး နဲ့ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ကြောင်း၊ ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲ လောက်မှာ တီးတိန်မြို့မရောက်ခင် Hawp နားမှာ စစ်ကောင်စီရှေ့ပြေးတပ်သားတွေနဲ့ PDF-Zoland၊CDM Siyin ပူပေါင်းတပ်ဖွဲ့တို့ ထိပ်တိုက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးကာ ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ PDF-Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“စစ်(...)တွေဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ သူတို့နားကို ကပ်လို့မရတာနဲ့ ကျွန်တော်တို့ ဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဆုတ်ခွာခဲ့ ကြတယ်။အဲဒီ အကြမ်းဖက် စစ်(...)တွေဟာ မိုးချုပ်တဲ့ အထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်။”

စစ်ကောင်စီတပ်တွေဟာ  မေလအတွင်းကလည်း ချင်းပြည်နယ်ထဲက မင်းတပ်၊ မတူပီ ​မြို့နယ်တွေကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင် သေဆုံးဒဏ်ရာရသူအများအပြားနဲ့ အထိနာခဲ့တယ်လို့သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး ၁၅ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ PDF-Zoland ရဲ့ ပြန်ကြားရေးတာဝန်ခံကပြောဆိုထားပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ သေးပါဘူး။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024