Live
Home
သတင်းတို
လာမယ့်နှစ် အခွန် ၃၆ ရာခိုင်နှုန်း တိုးကောက်မည်
DVB
·
March 26, 2014

လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်ကျရင် လက်ရှိ ဘဏ္ဍာရေးနှစ်ကထက် အခွန်က ၀င်ငွေ ၃၆ ရာခိုင်နှုန်း ပိုရအောင် ဆောင်ရွက်မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။

tax-pမတ် ၂၅ ရက်နေ့က လုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ “၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း” ရှင်းလင်းစဉ် သူက ခုလို ပြောလိုက် တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အခု ဘဏ္ဍာရေးနှစ်မှာ အခွန်ကနေ ကျပ်ငွေ ၃ ဒဿမ၊  ၅ ထရီလီယံကျော် ရခဲ့ပါတယ်။

လာမယ့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ဆိုရင် ကျပ်ငွေ ၄ ဒဿမ၊  ၉ ထရီလီယံနီးပါး ရအောင် ကောက်မယ်လို့ ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကောက်ခံနိုင်ခဲ့ရင် လက်ရှိ အခွန်နဲ့ ဂျီဒီပီ အချိုး ၆ ဒဿမ၊  ၁ ရာခိုင်နှုန်း ရှိရာကနေ လာမယ့်နှစ်မှာ ၇ ဒဿမ၊   ၄ ရာခိုင်နှုန်း တိုးလာမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024