Home
သုံးသပ်ချက်
ထိုင်းတွင် ဆေးခြောက်တရားဝင်သုံးစွဲခွင့်ပြုသည့်အပေါ် မြန်မာရွှေ့ပြောင်းလုပ်သားအဖွဲ့များ၏ သဘောထားအမြင်များ
DVB
·
June 17, 2022

ထိုင်းနိုင်ငံမှာ ဇွန် ၉ ရက်ကစပြီး ဆေးခြောက်ကိုမူးယစ်ဆေးဝါးစာရင်းမှ ပယ်ဖျက်လိုက်ကာ လွတ်လပ်စွာစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချ၊ သုံးစွဲခွင့်ပြုလိုက်ပြီး ဆေးခြောက်နဲ့ ဆေးခြောက်ထုတ်ကုန်ပစ္စည်းတွေကို ထိုင်းပြည်သူတွေ တရားဝင်ရောင်းချ ဝယ်ယူ သုံးစွဲမှုတွေ ကျယ်ပြန့်လာနေပါတယ်။

တရားဝင် သုံးစွဲခွင့်ပြုလိုက်တဲ့ဥပဒေ အသက်ဝင်ခဲ့တဲ့ ၅ ရက်အတွင်း ဆေးခြောက်လွန်ကဲစွာ သုံးစွဲတဲ့အတွက် သေဆုံးသူ ၁ ဦး၊ ဆေးရုံတက်ရောက်ကုသနေသူ ၃ ဦးရှိပြီး  ဆေးခြောက်သုံးစွဲမှုကြောင့်  လုပ်ငန်းခွင်တွေမှာလည်း ပြဿနာတွေ ရှိနေတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အခုလို ထိုင်းမှာ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ရနေတဲ့ အပေါ်  မြန်မာရွှေ့ပြောင်းလုပ်သားတွေပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာ အလုပ်သမားအရေး ဆောင်ရွက်နေကြတဲ့အဖွဲ့အစည်းတာဝန်ရှိသူတွေရဲ့ သဘောထားအမြင်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

ဦးအောင်ကျော်- (မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက်အဖွဲ့နာယက)  

“အထွေအထေူးတော့ စိုးရိမ်ပူပန်မှုမရှိပါဘူးခင်ဗျ။ သူတို့လည်း ကျန်းမာရေးပညာရှင်တွေနဲ့ စနစ်တကျသုံးသပ်ပြီးမှ  ကျန်းမာရေးမထိခိုက်အောင်ထိန်းချုပ်မှုနဲ့ ခွင့်ပြုလိုက်တာဖြစ်လို့လေ။ တကယ်လို့ ခုလိုကင်းလွတ်ခွင့်မပြုရင်လည်း ထိုင်းဘဲဖြစ်ဖြစ် မြန်မာဘဲဖြစ်ဖြစ် လူမျိုးပေါင်းစုံ လူငယ်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့တရားမဝင်မူးယစ်ဆေးဝါးတွေလည်း သုံးစွဲနေတာတွေရှိနေ တာကြောင့် အခုလိုကျန်းမာရေးဖြစ်ထွန်းစေမယ့် အစိုးရကစနစ်တကျ  စီမံထားတဲ့ အရာတွေကို တရားဝင်ခွင့်ပြုလိုက်တာဟာကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ အလုပ်သမားတွေဟာ အရင်ကတော့ အာဆီယံလို့ခေါ်တဲ့ မူးယစ်ဆေးကိုသုံးတယ်၊ အဲဒီထဲမှာ ဘယ်ကျန်းမာရေး ဝန်ကြီးဌာနကမှ ဘယ်အဖွဲ့အစည်းကမှအာမခံချက်မပေးတဲ့ ပစ္စည်း ၁၀ မျိုးလောက်ကို  စပ်ပြီး သုံးတာ၊ လူတွေမျက်နှာတွေ ပိန်ချုံး ၊ ရောဂါတွေဖြစ်နေတာနဲ့စာရင် ကျနော့်သုံး သပ်ချက်ကတော့  နိုင်ငံတော်အစိုးရကတရားဝင်စစ်ဆေးထားသောအရာကို သုံးစွဲရင် နဂိုသုံးစွဲတာထက် ဆိုးကျိုး တော့ မဖြစ်လောက်ပါဘူးလို့ သုံးသပ်ပါတယ်ခင်ဗျ ”

 ဦးမိုးကြိုး -( မြန်မာနိုင်ငံသားများအရေးပူးတွဲဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ ) 

“ကျနော်တို့ဒီ ထိုင်း-မြန်မာနယ်စပ်မှာတော့ စိုက်ပျိုးရေးကိုအခြေခံတဲ့လုပ်ငန်းတွေရှိတာကို ပြောင်းပင်၊ ငရုတ်ပင်တွေ အပူပိုင်းသီးနှံပင်တွေကြား ပုံစံအမျိုးမျိုးနဲ့ပေါက်ရောက်နေတဲ့ ဘိန်းစာ ရွက်တွေ ဆေးခြောက်ပင်တွေရှိတယ်။  ဒါပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မသက်ဆိုင်ပါဘူး၊။ အဖော်အပေါင်းတွေနဲ့ပျော်ပျော်ပါးပါး ဇိမ်ခံလိုက်မယ်။ ဇိမ်ယူလိုက်မယ်ဆိုတဲ့ ပုံစံမျိုးတွေ မလုပ်ကြ ပါနဲ့ ဒါဟာမူးယစ်ဆေးက မူးယစ်ဆေးပါဘဲ။ စိုက်ခင်းထဲက ဘိန်းစာရွက်တွေ။ ဆေးခြော က်ပင်တွေက စိုးရိမ်ကြောင့်ကြရမယ့်နေရာ၊ ရွှေ့ပြောင်းလုပ်သားတွေကို အထူးသတိပေးရမယ့်နေ ရာဖြစ်ပါတယ် ”

ကိုသားကျော်- (ရနောင်းရွှေ့ပြောင်းလုပ်သားနာရေးကူညီမှုအသင်းဥက္ကဋ္ဌ)

“ဆေးခြောက်ကို မူးယစ်ဆေးအဖြစ်ကပယ်လိုက်တာကတော့ ကျနော်တို့ရွှေ့ပြောင်းအလုပ်သမား တွေအတွက် ထိရောက်မှုသိပ်မရှိပါဘူး။ ဘာလို့လဲဆို ကျနော်တို့အလုပ်သမားအများစုက ဘိန်းစာ ရွက်ပဲ သုံးကြတာလေ။ ဘိန်းစာရွက်လည်း အစိုးရက မူးယစ်ဆေးစာရင်းကပယ်ဖျက်ထားတယ်။ ဘိန်းစာရွက်ရည်ချည်းသောက်ရင်ပြဿနာမရှိဘူး။ တခြားမူးယစ်ဆေးဝါး မြင်းဆေးတွေဘာ တွေနဲ့ရောသုံးရင်တော့ ကြောင်သွားတာ။ အရူးလိုဖြစ်တာရှိတယ်။ ဘိန်းစာရွက်ရည်ကို ဘာမှမရော သောက်ရင် အရက်လောက်တောင်သွေးမဆိုးဘူး၊ ပန်းရံအလုပ်သမားတွေ ဘိန်းစာရွက်သောက်ထားရင် နေပူထဲမှာပိုအလုပ်လုပ်နိုင်တယ်လို့ သူတို့ယုံကြည်တယ်။”

ကိုမင်းဦး- (ထိုင်းတောင်ပိုင်းဖန်ငအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED အလုပ်သမားရေးဌာနတာဝန်ခံ ) 

“ဆေးခြောက်ကိုမူးယစ်ဆေးစာရင်းကပယ်လိုက်တာ ကျနော်တို့ရွှေ့ပြောင်းလုပ်သားတွေပေါ်သက် ရောက်မှုနည်းနည်းပဲရှိပါတယ်။ ဘာဖြစ်လို့လဲဆို ကျနော်တို့တောင်းပိုင်းအလုပ်သမားတွေက ဆေး ခြောက်ဆိုတာထက် ဘိန်းစာရွက်ကိုသုံးကြတာများတယ်. အရင်တုန်းက ဆေးခြောက်သုံးရင် အဖမ်းခံရတာဆိုတော့ သုံးနေကျမဟုတ်ဘူးလေ။ အခုလို ကင်းလွတ်ခွင့်ပြုပေမယ့် ဆေးခြောက်ရဲ့ သဘောက သုံးပြီးရင် အနားယူချင်တယ်။ ကျနော်တို့ဆီကတော့ အလုပ်ကြမ်းသမားတွေလေ သူတို့က ဇိမ်ယူဖို့ထက် အလုပ်ပိုလုပ်နိုင်တဲ့ဟာကိုပဲ သုံးချင်တယ်လို့ပြောတယ်။ဘိန်းစာရွက် သုံးရင် အပင်ပန်းခံနိုင်တယ်၊ အလုပ်ပိုလုပ်နိုင်တယ်ဆိုတဲ့အသိက စွဲနေတယ်။ ဘယ်ဟာပဲ ဖြစ်ဖြစ် အလွန် အကျွံသုံးစွဲရင်တော့ မကောင်းပါဘူး။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။ ပြီးတော့ ကိုယ့်မိသားစုရေရှည်ကျန်းမာရေးအတွက်ရောပေါ့ မဖြစ်မနေသုံးမယ်ဆိုရင် အတိုင်းအတာနဲ့ သုံးသင့်ပါတယ်။ အစိုးရက ကင်းလွတ်ခွင့်ပြုပေမယ့် ပြုပြင်စီမံထုတ်လုပ်ထားတာ ပြင်းအား သုည ဒသမ ၂ ထက်ပိုရင် ဥပဒေနဲ့ ညှိစွန်းတယ်ဆိုတာ သတိချပ်ဖို့လိုတယ်၊ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင်သုံးရင်လည်း ဥပဒေနဲ့ညှိစွန်းတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။”

Photo Credit-Khaosod 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024