Live
Home
မြန်မာသတင်း
လူ့အခွင့်အရေး တန်းတူပေးရန် အာဆီယံလူထုဖိုရမ် တောင်းဆို
မျိုးဇော်လင်း
·
March 25, 2014
လူ့အခွင့်အရေးကို ခွဲခြားမှု မရှိဘဲ အားလုံးအတွက် တန်းတူကာကွယ်ပေးဖို့ ဒေသတွင်းက လူထုအခြေပြု အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ အာဆီယံလူထုဖိုရမ်ကနေ အာဆီယံ ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။ DSC01398အာဆီယံလူထုတွေအကြား ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီကူးပြောင်းမှု အကြောင်းအရာတွေကို မတ် ၂၁ ကနေ ၂၃ ရက်ထိ ရန်ကုန်မှာ ၃ ရက်ကြာ ဆွေးနွေးပြီးနောက် အာဆီယံလူထုဖိုရမ်က မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ကြေညာချက်မှာ ဘာသာရေး၊ မသန်စွမ်းသူ၊ လိင်တူလိင်ကွဲ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးခံယူချက်စတဲ့ အာဆီယံပြည်သူများကြား မတူကွဲပြားမှုတွေကို အသိအမှတ်ပြုဖို့နဲ့ ဘယ်လို ကွဲပြားမှုတွေကိုမှ ခွဲခြားမှု မရှိဘဲ အားလုံးရဲ့ လူ့အခွင့်အရေးကို တန်းတူကာကွယ်မှုပေးဖို့ တောင်းဆိုထားပါသည်။ ဒီကြေညာချက်ကို မေလ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံ တက်ရောက်မယ့် အာဆီယံခေါင်းဆောင်တွေထံ ပေးပို့သွားမယ်လို့ အာဆီယံလူထုဖိုရမ် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေမေပြုံးက ပြောပါတယ်။ ဒီ ဖိုရမ်ကို အာဆီယံနိုင်ငံ ၁၀ နိုင်ငံအပါအ၀င် အရှေ့တီမောနဲ့ အခြားနိုင်ငံတွေက ကိုယ်စားလှယ်ပေါင်း ၃ ထောင်ကျော်က အလုပ်ရုံဆွေးနွေးပွဲပေါင်း ၃၅ ခုမှာ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။ ၂၀၁၅ ခုနှစ်မှာ ဒီဖိုရမ်ကို အိမ်ရှင်အဖြစ် မလေးရှားနိုင်ငံက လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ အာဆီယံလူဖိုရမ်တွေကို ၂၀၀၅ ခုနှစ် စတင်ပြီး အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့ နိုင်ငံတွေမှာ ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အလှည့်ကျ ကျင်းပခဲ့တာ ဖြစ်ပြီး ရန်ကုန်မှာ ဒီနှစ် ကျင်းပတဲ့ပွဲဟာ အာဆီယံပြည်သူ့ဖိုရမ်ရဲ့ ၁၀ နှစ်တာ သမိုင်းတလျှောက် အကြီးဆုံးဖိုရမ် ဖြစ်တယ်လို့လည်း တက်ရောက်လာသူတွေက ပြောပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024