ရုရှားထိပ်တန်းခေါင်းဆောင် ၁၂ ဦးကို အီးယူ ပိတ်ဆို့ အရေးယူ

အမေရိကန်နဲ့ အီးယူတို့ဟာ ရုရှားနိုင်ငံကို ထပ်မံပိတ်ဆို့တဲ့အနေနဲ့ သမ္မတပူတင်ရဲ့ အနီးကပ်တွေကို မတ် ၂၀ ရက်နေ့က ထပ်မံပိတ်ဆို့ အရေးယူခဲ့ကြပါတယ်။ အမေရိကန်သမ္မတ အိုဘာမားကတော့ ရုရှားထိပ်တန်းအာဏာပိုင် နောက်ထပ် အယောက်၂၀ ကို ဗီဇာနဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်တဲ့ အရေးယူတွေကို ပြုလုပ်ကြေညာအပြီးမှာပဲ အီးယူကလည်း နောက်ထပ် ရုရှားထိပ်တန်းခေါင်းဆောင် ၁၂ ဦးကို ထပ်မံ ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ EUရုရှားနိုင်ငံကလည်း အမေရိကန်ရဲ့ အရေးယူမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ထိပ်တန်းနိုင်ငံရေးသမားတွေကို အလားတူ ပိတ်ဆို့အရေးယူကြောင်း မတ် ၂၀ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံက ရုရှားနိုင်ငံရဲ့ ဘဏ္ဍာရေး၊ စွမ်းအင်၊ ကာကွယ်ရေးနဲ့ သတ္တုတွင်း လုပ်ငန်းတွေကို ထိခိုက်ဖို့ ပစ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံရဲ့ နှစ်စဉ်ဝင်ငွေရဲ့ တ၀က်လောက်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့က ရရှိတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတက ရုရှားနိုင်ငံကို အခုလို ပိတ်ဆိုအရေးယူတာဟာ ကမ္ဘာ့စီးပွားရေးကို အနည်းနဲ့ အများထိခိုက်နိုင်ပေမယ့် ရုရှားနိုင်ငံက ရှေ့ဆက်တိုးမယ်ဆိုရင် နိုင်ငံတကာရဲ့ ၀ိုင်းကျဉ်တာကို ခံရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အီးယူဟာ ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူတာမှာ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီမှုကို အရင်ရယူရတာကြောင့် အမေရိကန်နိုင်ငံလို မလွယ်ကူတာလည်း ဖြစ်ပါတယ်။ အီးယူနိုင်ငံ အတော်များများဟာလည်း ရုရှားနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ် မှီခို နေရတာလည်း ရှိပါတယ်။ အဲဒီနိုင်ငံတွေက ရုရှားနိုင်ငံကို ပြင်းပြင်းထန်ထန် ပိတ်ဆုံ့အရေးယူဖို့ စိတ်မပါကြတာကြောင့် အီးယူဟာ ဖြည်းဖြည်းချင်း ရုရှားနိုင်ငံကို ဖိအားပေးနေရတာလည်း ဖြစ်ပါတယ်။

//
More News
Up