Home
မြန်မာသတင်း
မတ် ၂၁ ရက်နေ့ မိုးလေ၀သ ခန်းမှန်းချက် – ဒေါက်တာထွန်းလွင်
DVB
·
March 21, 2014
မတ် ၂၀ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ကျန် ဘင်္ဂလားပင်လယ်အော်မှာ တိမ်ကင်းစင်နေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ ကျန်ဒေသတွေမှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။ weather21032014မတ် ၂၁ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ တနင်္သာရီ ကမ်းရိုးတမ်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ လှိုင်းအမြင့် ၁ ပေ လောက် မြင့်တက်နိုင်တယ်။ ကျန်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မတ် ၂၁ ရက်နေ့အတွက် အပူရှိန်မြင့်တက်နိုင်မှုကတော့ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွေကလွဲရင် ကျန်တနိုင်ငံလုံးမှာတော့ လွန်ကဲအဆင့် ရောက်ရှိနိုင်ပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ ကနေ ၉ လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၀ ကနေ ၁၃ လောက်ထိ မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေ မြင့်တက်မှုဟာ လွန်ကဲအဆင့်ကို ရောက်ရှိနိုင်တဲ့အတွက် နေပူထဲမှာ မနက် ၁၁ နာရီကနေ နေ့လည် ၁ နာရီအတွင်း တတ်နိုင်သလောက် အပြင်မထွက်ဖို့နဲ့ တကယ်လို့ မဖြစ်မနေ သွားရတဲ့အခါမှာလည်း ထီး၊ ဦးထုပ်နဲ့ အကျီလက်ရှည်တွေ ၀တ်ပြီး သွားလာကြဖို့ကို တိုက်တွန်းချင်ပါတယ်။ မတ် ၂၁ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကနေ ၃၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၃၉ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ မတ် ၂၁ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၅ ရာခိုင်နှုန်း အောက် လျှော့နည်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မတ် ၂၁ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပြီး နေရာကွက်ကြား မိုးရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။ မတ် ၂၁ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ မတ် ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူ ထားတဲ့တိမ်ပုံမှာဆိုရင် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရပါတယ်။ မတ် ၂၁ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၁၉ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။ မတ် ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရှိရပါတယ်။ မတ် ၂၁ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။ မတ် ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ မတ် ၂၁ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024