အမေရိကန်တွင် လူမျိုးရေးခွဲခြားမှုများ ဆက်ရှိနေ

လူမည်းအမျိုးသား ဂျော့ဖှလွိုဒ်ကို ရဲအရာရှိတယောက်က ရက်ရက်စက်စက် သတ်ဖြတ်ပြီးနောက် ၂ နှစ်အကြာမှာ ဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ပြုပြင်ပြောင်းလဲမှုမှာ ရပ်တန့်နေပြီး အမေရိကန် ပြည်ထောင်စုမှာ လူမျိုးရေးခွဲခြားဆက်ဆံမှု ပြဿနာကလည်း ထင်ရှားနေဆဲဖြစ်ပါတယ်။ 

မင်နီယာပိုလိစ်မြို့လယ်မှ မိုင်အနည်းငယ်အကွာက ဖလွိုက်ဒ် သေဆုံးသွားရတဲ့ လမ်းဆုံနေရာဟာ အာဖရိကန် - အမေရိကန်အမျိုးသားအတွက် အမြဲတစိမ့်စိမ့် အမှတ်ရနေရမယ့် အောက်မေ့ဖွယ် နေရာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က လူဖြူ မင်နီယာပိုလိစ် ရဲအရာရှိ ဒဲရက်ခ်-ရှိုဗင်န် ဟာ ဖလွိုက်ရဲ့လည်ပင်းကို ကိုးမိနစ်ကျော်ကြာ ဒူးထောက်ခဲ့တာကို လမ်းသွားလမ်းလာတယောက်က ဆဲလ်ဖုန်းထဲမှာ မှတ်တမ်း တင်ထားလိုက်တဲ့ ဗွီဒီယိုဖိုင်ဟာ ပျံ့နှံ့သွားခဲ့ပြီးနောက် တကမ္ဘာလုံးက ဒေါသထွက်ခဲ့ပြီး ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါရဲ့ အကျိုးဆက်တွေလည်း ဆက်ပြီး ထွက်နေပါတယ်။ 

သူဟာ ဖလွိုက်ဒ်ရဲ့ နိုင်ငံသားအခွင့်အရေးတွေကို ချိုးဖောက်ခဲ့ကြောင်း ဖက်ဒရယ် တရားစွဲဆိုမှုတွေမှာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး နောက်ထပ် နှစ်ပေါင်းဆယ်ချီ ထောင်ကျဦးမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ 

အခင်းဖြစ်တဲ့နေရာက တခြားရဲအရာရှိ သုံးဦးကိုလည်း ဖလွိုက်ဒ်ရဲ့ နိုင်ငံသားအခွင့်အရေးတွေကို ချိုးဖောက်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး စီရင်ချက်ချဖို့ စောင့်ဆိုင်းနေရပါတယ်။ သူတို့ဟာ ဇွန်လမှာ ဖွင့်လှစ်မယ့် နောက်ထပ် ရုံးချိန်းအတွင်း ဖလွိုက်ဒ်ကို သတ်ဖြတ်မှုမှာ အားပေး ကူညီမှုတွေအတွက် စွဲချက်တင်ခံထားရပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဆိုင်ရာ အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပေမယ့်လည်း အစီအမံတွေက အခုထိ လုံလောက်မှုမရှိသေးကြောင်း လူမှုအဖွဲ့အစည်းတချို့က ပြောပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေ ဆောင်ရွက်တဲ့နည်းလမ်းတွေကို ပြောင်းလဲဖို့ ရည်ရွယ်တဲ့ ရဲတပ်ဖွဲ့ဥပဒေထဲက ဂျော့ဖလွိုဒ် တရားမျှတမှု ရဲတပ်ဖွဲ့ဝင်ဆိုင်ရာ ဖက်ဒရယ်ဥပဒေတရပ်ကို ၂၀၂၁  ခုနှစ်မှာ ထည့်သွင်းခဲ့ပါတယ်။

မင်နီယာပိုလိစ် ရဲတပ်ဖွဲ့ဟာ အနည်းဆုံး ဆယ်နှစ်လောက် နောက်ပြန်ရောက်သွားတဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှု ပုံစံ သို့မဟုတ် အလေ့အကျင့်တခုထဲမှာ ပါဝင်လုပ်ဆောင်ခဲ့ကြောင်း မင်နီဆိုတာ လူ့အခွင့်အရေးဌာနရဲ့ အစီရင်ခံစာတစောင်မှာ တွေ့ရှိခဲ့ပါတယ်။ 

“အမှန်တရားကတော့ ရဲတပ်ဖွဲ့ထဲမှာလည်း လူမျိုးရေးခွဲခြားမှုတွေ ရှိနေပြီး၊ ရဲတွေက လူညိုနဲ့ လူမည်းတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ကို လိုက်ရှာနေကြတာ” လို့ ဂျော့ဖလွိုက်ဒ် သေဆုံးခဲ့ရာ လမ်းဆုံကို မကြာခဏ လာရောက်တတ်တဲ့ သူ့အဒေါ် အန်ဂျလာ ဟာရလ်ဆင်က ပြောပါတယ်။  

“သူတို့ အခုလုပ်ရမှာက အဖွဲ့တခုဖွဲ့ပြီး စည်းစနစ်တကျနဲ့ စတင်လိုက်ဖို့ပဲ။” 

ကြေကွဲစရာနေရာကို အမှတ်အသားပြုထားတဲ့ သုတ်ဆေးတွေဟာ အခုတော့ ဆေးဖတ်တွေ ကွာကျနေပေမယ့်လည်း ဒီနေရာမှာ သူ သေဆုံးခဲ့ရတဲ့ သက်ရောက်မှုက အမေရိကန်တဝှမ်းမှာ ဆက်လက် တုန်လှုပ်နေရဆဲ ဖြစ်ပါတယ်။ 

ဒီလမ်းဆုံနေရာဟာ ဒီနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တွေအတွက် ပြင်းထန်တဲ့ သတိပေးချက်တခုလည်း ဖြစ်ပါတယ်။  

//
More News
Up