ဖားကန့်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ စစ်ကောင်စီတပ်တို့ မေလ ၂၇ ရက် ဒီမနက်က မှော်ရှန်အောင်စုကျော်အနီး တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေနတ်သံနဲ့ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“အိမ်ထဲကတောင် မထွက်ရဲဘူး။ စကစ စစ်သားတွေ စစ်ကြောင်းထိုးလာတာတွေ့လို့ KIA က လှမ်းပစ်နေတာ” လို့ တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ကျဆုံးစာရင်းကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၃ ရက်ကလည်း မမုံစံပြကျေးရွာအနီးမှာ စစ်ရေးလှုပ်ရှားလာတဲ့ စကစစစ်ကြောင်းနဲ့ KIA တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့ပါတယ်။

//
More News
Up