ကမ္ဘာ့အချမ်းသာဆုံးဘောလုံးအသင်းစာရင်းတွင် ရီးရဲလ်မက်ဒရစ် ထိပ်ဆုံးကရပ်တည်

FORBES မဂ္ဂဇင်းကနောက်ဆုံးထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးအသင်းစာရင်း မှာ စပိန်ကလပ်ရီးရဲလ်မက်ဒရစ်က ထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။ 

စပိန်ထိပ်သီးကလပ်ဟာ လာလီဂါချန်ပီယံဆုရယူထားသလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်ထားပြီး တခြား ဝင်ငွေရလမ်းတွေကနေလည်း အမြတ်ငွေတွေရရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်းမှာ စီးပွားရေးလုပ်ငန်းအရပ်ရပ်ကနေ  ပေါင် ၃၂၂ သန်းတန် စာချုပ်တွေ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်ခဲ့တာကလည်း ပေါင်သန်း ၁၀၀ ခန့်ရရှိမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကထက် အသင်းရဲ့ပုံရိပ်တန်ဖိုးဟာလည်း ၇ ရာခိုင်နူန်းတိုးတက်လာခဲ့ပါတယ်။ 

အဆိုပါအခြေအနေတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ပေါင် ၄.၁ ဘီလီယံတန်ဖိုးရှိလာခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးဘောလုံး အသင်းဖြစ်လာခဲ့တာပါ။ 

ဘာစီလိုနာအသင်းက ပေါင် ၄ ဘီလီယံနဲ့ ဒုတိယနေရာမှာရပ်တည်နေပြီး မန်ယူအသင်းက ၃.၆၅ ဘီလီယံနဲ့ တတိယ၊ လီဗာပူးအသင်းက ပေါင် ၃.၅၄ ဘီလီယံနဲ့ စတုတ္ထနေရာတွေမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။ 

အဲဒီနောက်မှာ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ ဂျူဗင်တပ်နဲ့ စပါးအသင်းတွေက ထိပ်ဆုံး၁ဝသင်းစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ 

//
More News
Up