Home
မြန်မာသတင်း
ရမည်းသင်းတွင် မိုးကြိုးပစ်ခံရသဖြင့် ၆ ဦး သေဆုံး
DVB
·
May 25, 2022

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ နန်းလုံရွာမှာ မေ ၂၄ ရက် နေ့လယ်က ငရုတ်စိုက်တောင်သူ ၅ ဦး သစ်ပင်အောက် မိုးခိုရာမှ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ကျောက်ချပ်ရွာခံတဦးက ပြောပါတယ်။

“ဖြစ်သွားတာကတော့ ရမည်းသင်းမြို့နယ်ထဲမှာပါ။ ပျော်ဘွယ်၊ ရမည်းသင်း မြို့နယ် ၂ ခု နယ်စပ်ပေါ့။ ငရုတ်စိုက်တောင်သူ ၅ ဦးလုံးက ပျော်ဘွယ်မြို့နယ် ကျောက်ချပ်ရွာက တောင်သူတွေပါ၊ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး သေဆုံးသွားတယ်။ မိသားစုတစုတည်းက အသက် ၅၀ အရွယ် ဦးဌေးမြင့်နဲ့ ညီမ၊ တူမတို့ ၃ ဦး သေဆုံးတယ်။ အိမ်နီးချင်း အမျိုးသမီး ၂ ဦး သေဆုံးတယ်။ ငရုတ်စိုက်နေရင်း မိုးကျလာလို့ ဇီးပင်အောက် မိုးခိုလိုက်တာက မိုးကြိုးပစ်ခံရတာ။ ပြင်ပဒဏ်ရာ မတွေ့ရဘူး၊ အသားအရောင် နည်းနည်းမဲညစ်သွားတာပဲ ရှိတယ်။”

ရမည်းသင်းမြို့နယ်မှာ မေ ၂၄ ရက် တရက်တည်းမှာပဲ ထနောင်းကန်ရွာက အမျိုးသားတဦးလည်း မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ပျော်ဘွယ်မြို့နယ် အရှေ့ဆည်ရွာမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က အမျိုးသမီးတဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

ရမည်းသင်းနဲ့ ပျော်ဘွယ်မှာ မိုးကြိုးပစ်တာကြောင့် သေဆုံးသူ ၇ ဦးအထိ ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024