ပြင်ဦးလွင်တွင် အမျိုးသား ၁ ဦး ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မြို့ရှောင်လမ်း၊ ထင်းရှူးတောအနီးမှာ မေ ၂၄ ရက် မနက် ၉ နာရီခွဲလောက်က  အမျိုးသားတယောက်  သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရလို့ ဒဏ်ရာရသွားပါတယ်။

သေနတ်နဲ့ ပစ်ခံရသူဟာ နောင်လှိုင်ကျေးရွာအုပ်စု၊ ပါအယ်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဦးမဲ ဖြစ်ပြီး ထွန်စက်ငှားဖို့ ဖုန်းဆက်ချိန်းတဲ့နေရာကိုအသွားမှာ ပစ်ခံရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရတဲအတွက် ဦးမဲမှာ လက်မောင်းကျည် ဖောက်ဝင်ဒဏ်ရာရရှိပြီး ပြင်ဦးလွင်ခရိုင်ဆေးရုံကြီးမှာ တင်ပို့ထားတယ်လို့ သိရပါတယ်။

မေလ ၂၃ ရက်ကလည်း ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်နိုင် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

//
More News
Up