Home
မြန်မာသတင်း
မြောင်မြို့တွင် အပြစ်မဲ့ပြည်သူ ၁ ဦး မတရားဖမ်းဆီးခံရ
DVB
·
May 23, 2022

စစ်ကိုင်းတိုင်း မြောင်မြို့မှာ  မေ ၂၂ ရက် မွန်းလွဲပိုင်းက အပြစ်မဲ့ လူငယ်တယောက်ကို PDF နဲ့ ဆက်စပ်တယ်စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့တွေက မတရားဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့ မြောက်ရပ်ကွက်မှာ  မေ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွှေဘုံသာကျေးရွာက ကိုစိုင်းညီညီရဲ့ လက်ကိုင်ဖုန်းကို သိမ်းပြီး PDF နဲ့ဆက်စပ်တယ်စွပ်စွဲကာ မတရားဖမ်းဆီးသွားကြတာလို့ ရွှေဘုံသာကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“သူက ရွာမှာပဲ ရိုးရိုးသားသားတောင်သူ လုပ်ငန်းလုပ်ကိုင်တဲ့ လူငယ်တယောက်ပါ။ ရွာဘက် တွေမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးနေကြတယ်။ စားနပ်ရိက္ခာတွေ ပြတ်လပ်လို့ မြို့ပေါ်ကို စျေးသွားဝယ်တဲ့အချိန်မှာ စစ်(...)တွေက မတရားဖမ်းဆီးသွားကြတာ။”

ကိုစိုင်းညီညီအား မြောင်မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြပြီး မိသားစုဝင်တွေကိုလည်း လုံးဝတွေခွင့် မပြုသေးသလို အစားအသောက်၊ အဝတ်အထည်နဲ့စောင်တွေလည်း ပို့ခွင့်မ ရဘူးလို့ ဆိုပါတယ်။

မြောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေဟာ အပြစ်မဲ့ပြည်သူတွေကို PDF အဖွဲ့ဝင်၊ PDF နဲ့ ဆက်စပ်သူ၊ PDF တွေကို ထောက်ပံ့သူ၊ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ မမှန်သတင်း ရေးသားဖြစ်ဝေသူလို့ နည်းအမျိုးမျိုး နဲ့  စွပ်စွဲပြီး မတရားဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024