Home
သတင်းဓာတ်ပုံ
စစ်အုပ်စုနှင့် အဆက်ဆံမလုပ်ရန် ဩစတြေးလျတွင် ဆန္ဒပြ
DVB
·
May 23, 2022

မြန်မာပြည်မှာ အာဏာသိမ်းပြီး ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ စစ်အုပ်စုနဲ့  အဆက်ဆံ မလုပ်ဖို့  ဩစတြေးလျနိုင်ငံ  ဗစ်တိုရီးယားပြည်နယ် (မဲလ်ဘုန်းမြို့) က မြန်မာကွန်မြူနတီအသိုက်အဝန်းက ဒီနေ့ ဆန္ဒပြကြပါတယ်။  

ဩစတြေးလျ-အာဆီယံ စီးပွားရေးဖိုရမ်နဲ့ ညစာစားပွဲ ကျင်းပမယ့် Grand Hyatt ဟိုတယ်ရှေ့မှာ လူ ၂ ဒါဇင်လောက် စုရုံးပြီး ဆန္ဒပြနေကြတာပါ။  

ဩစတြေးလျ-အာဆီယံ အစည်းအဝေးနဲ့ ညစာစားပွဲကို စစ်ကောင်စီ  လက်အောက်ခံ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးသာအောင်ညွန့်ကိုလည်း ဖိတ်ကြားထားတာကို ကြားသိရတဲ့အတွက် မနက်စောစောကတည်းက  ဆန္ဒပြသူတွေ စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။  

လူ့အခွင့်အရေးကို စီးပွားရေးထက် ပိုအလေးထားဖို့ ပိုစတာတွေ၊ အာဏာသိမ်းခေါင်းဆောင်ရဲ့ ဓာတ်ပုံရှေ့မှာ အကြမ်းဖက်သမားဆိုတဲ့ စာသားပါတဲ့ ပိုစတာတွေ ကိုင်ဆောင်ထားတာတွေ့ရပါတယ်။  

ဩစတြေးလျ-အာဆီယံ  စီးပွားရေး ဖိုရမ် တက်ရောက်ကြမယ့် အာဆီယံသံတမန်အကြီးအကဲတွေ၊ စီးပွားသမားတွေအနေနဲ့ မြန်မာစစ်အုပ်စုနဲ့ စီးပွားရေး ဆက်ဆံမှု ရပ်တန့်ဖို့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024