ငွေကြေးဖောင်းပွမှုက ပြင်သစ်အစိုးရ၏ ထိတ်တန်းစိန်ခေါ်မှုဟု ဘဏ္ဍာရေးဝန်ကြီး ပြော

ပြင်သစ်အစိုးရရဲ့ထိပ်တန်း စိန်ခေါ်မှုက ငွေကြေးဖောင်းပွမှုပဲလို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းရဲ့ လက်စွဲဘဏ္ဍာရေးဝန်ကြီး ဘရူနိုလွေမဲက မေ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ဧပြီလမှာ သမ္မတအဖြစ် ပြန်ရွေးကောက် တင်မြှောက်ခံရတဲ့ ဗဟိုဝါဒီ မက်ခွန်းဟာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အာရုံစိုက်ခဲ့တဲ့ ပထမသက်တမ်းနဲ့ မတူခြားနားတဲ့နည်းလမ်းကို သုံးပြီး ပြင်သစ်နိုင်ငံကို အုပ်ချုပ်ဖို့ ကတိပြုခဲ့တာပါ။

ပထမသက်တမ်းက ကျင့်သုံးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် မဲရှင်တွေ အများအပြား မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

ဒီပြုပြင်ပြောင်းလဲမှုတွေကနေ ခက်ခက်ခဲခဲ ရထားတဲ့ အကျိုးကျေးဇူးတွေကို ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တဟုန်ထိုးတက်နေတဲ့ ငွေကြေးဖောင်းပွမှုတွေက နောက်ကြောင်းပြန်ဆွဲနေပါတယ်။

ဒါကြောင့် မက်ခွန်းဟာ ဇွန်လ လွှတ်တော် ရွေးကောက်ပွဲတွေမှာ စိတ်ပျက်ကြောင်းပြဖို့ ပြင်နေတဲ့ မဲရှင်တွေကို နှစ်သိမ့်ဖို့ လိုအပ်နေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ထားပါတယ်။

//
More News
Up