အာသံပြည်နယ်တွင် မုန်သုံအကြိုမိုးကြောင့် ရေလွှမ်းသဖြင့် ၁၈ ဦး သေဆုံး

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် အာသံပြည်နယ်ထဲမှာ မုတ်သုန်အကြိုမိုးကြီးလို့ ရေလွှမ်းခဲ့တဲ့ အတွက် လူ ၁၈ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။

ပြည်သူ အယောက် ၈ သိန်းကျော်လည်း အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ အစိုးရ သတင်းအချက် အလက်တွေက မေ ၂၁ ရက်မှာ ပြထားပါတယ်။

မြစ်တွေ ရေလျှံလို့ ပြည်နယ်အတွင်း ခရိုင် ၃၁ ခုမှာ ကောက်ပဲသီးနှံတွေ ပျက်စီးပြီး မြေနိမ့်ပိုင်းက အိမ်တွေ ရေမြုပ်ကုန်ပါတယ်။

“အခြေအနေက အင်မတန် အန္တရာယ်ကြီးတယ်။ လူတွေ အများစု ရွှေ့ပြောင်း ကုန်ကြပြီ”လို့ ဒေသခံ တယောက်က ပြောပါတယ်။

ကပ်ဘေးတုံ့ပြန်ရေးတပ်က အရာရှိတွေဟာ လူတွေကို ဘေးကင်းရာ နေရာတွေဆီ ပို့ပေးခဲ့ပြီး အစားအသောက် ဆေးဝါး အပါအဝင် ကပ်ဘေး သက်သာရေး ပစ္စည်းတွေကို ပံ့ပိုးပေးနေပါတယ်။

ဟိုဂျိုင်ခရိုင်တည်းမှာ မိသားစု ၂၅၀ ကျော်လောက်ဟာ ရထားသံလမ်းဘေးက ယာယီတဲတွေ ထဲမှာ ယာယီ စတည်းချ နေရပါတယ်။

//
More News
Up