ယူကရိန်းကို ဒေါ်လာ ၉ ဘီလီယံကျော်ကူညီရန် G-7 နိုင်ငံများ ကတိပြု

ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံအဖွဲ့ G-7 က ယူကရိန်းနိုင်ငံကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေး အကူအညီတွေ ပေးဖို့ ကတိပြုလိုက်ပါတယ်။

ဒါကြောင့် ယူကရိန်း ရုရှားပဋိပက္ခ စတင်တဲ့ ဒီနှစ်အစောပိုင်းကနေ ခုထိ (G7) က ပံ့ပိုးတဲ့ ဘဏ္ဍာရေးအကူအညီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၈ ဘီလီယံ ရှိသွားပြီလို့ မေ ၂၁ ရက်မှာ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ G-7 ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးမှာ ပူးတွဲကြေညာချက်မှာတော့ G-7 ဟာ ယူကရိန်းကို ဆက်လက် ထောက်ပံ့သွားမှာဖြစ်ပြီး လိုအပ်ရင် ပိုအရေးယူဖို့ အသင့်ပဲလို့ ပြောထားပါတယ်။

စီးပွားရေးအကူအညီကြောင့် ယူကရိန်းအစိုးရဟာ သူ့ရဲ့ တနှစ်တာ လည်ပတ်မှုရန်ပုံငွေကို အာမခံနိုင်လိမ့်မယ်လို့ ဂျာမန်ဘဏ္ဍာရေးဝန်ကြီး Christian Lindner က ပြောပါတယ်။

ယူကရိန်းရဲ့ အခြေခံအစိုးရ ၀န်ဆောင်မှုတွေကို ထိန်းသိမ်းဖို့နဲ့ အရင်းနှီးကွာဟချက်ကို ကျဉ်းမြောင်းစေဖို့ အခုစီးပွားရေးအကူအညီကို သုံးသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

//
More News
Up