အတိုက်အခံနိုင်ငံရေးခေါင်းဆောင် တရားစွဲခံရမှုအပေါ် တူရကီနိုင်ငံသားများ ဆန္ဒပြ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ထောင်ချီတဲ့လူတွေ မေ ၂၁ရက်က စုရုံးခဲ့ပြီး တူရကီ ထိပ်တန်း အတိုက်အခံ နိုင်ငံရေးသမား ကာနန် ကက်ဖ်တန်ချိုဂလူကို သမ္မတနဲ့ နိုင်ငံတော်ကို စော်ကားမှုနဲ့ တရားစွဲတာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

မြို့အတွင်း မာလ်တေပေခရိုင်ထဲမှာ ဆန္ဒပြသူတွေဟာ သီချင်းတွေ သီဆိုရင်း အတိုက်အခံ အလံနဲ့ နိုင်ငံတော်အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

ထောင်ဒဏ်ငါးနှစ်ပြစ်ဒဏ် စီရင်ခံရတဲ့ ကက်ဖ်တန်ချိုဂလူဟာ ရီပတ်ဗလစ်ကင် ပြည်သူ့ပါတီရဲ့ အစ္စတန်ဘူရုံးခွဲ ခေါင်းဆောင် ဖြစ်သလို အပြင်းထန်ဆုံး အသံတွေထဲက တခုလည်း ဖြစ်ပါတယ်။

သူဟာ တူရကီနိုင်ငံရဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုဟာ ၂၀၁၆ အာဏာသိမ်းအပြီး မကြာ သေးတဲ့ နှစ်တွေအတွင်း အထူးသဖြင့် တရားစီရင်ရေးမဏ္ဍိုင်နဲ့ တခြားနိုင်ငံတော်အဖွဲ့များကို ဖြိုခွင်းခဲ့ပြီး လတ်တလော နှစ်တွေမှာတော့ မီးမောင်းထိုးပြခံထားရပါတယ်။

တူရကီ ဥပဒေအောက်မှာ ငါးနှစ်အောက် ပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားပြီး ကက်ဖ်တန်ချိုဂလူကို ထောင်ချမှာ မဟုတ်ဘူးလို့ တရားရေး ပညာရှင် ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

//
More News
Up