ဗီယက်နမ် လေကြောင်း ခရီးစဉ်သစ် မိတ်ဆက်
DVB
·
March 19, 2014
ဗီယက်နမ် လေကြောင်းလိုင်းဟာ နွေရာသီ ခရီးစဉ်သစ်တွေအဖြစ် ဟနွိုင်း- ရန်ကုန်- ဟနွိုင်း၊ ဟိုချီမင်း- ရန်ကုန်- ဟိုချီမင်း ခရီးစဉ်တွေကို ပြေးဆွဲသွားမယ်လို့ ပတ္တမြားမြေ ခရီးသွားလုပ်ငန်း ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးအေးကျော်က ပြောပါတယ်။
မတ် ၁၈ ရက်နေ့က ရန်ကုန် ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ လုပ်တဲ့ လေကြောင်းခရီးစဉ်သစ် မိတ်ဆက်ပွဲမှာ သူက ခုလို ပြောလိုက်တာပါ။
ဗီယက်နမ်လေကြောင်းလိုင်း အနေနဲ့ ဟနွိုင်း- ရန်ကုန် - ဟနွိုင်း ခရီးစဉ်တွေကို အပါတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ ၅ ရက်ပြေးဆွဲမှာဖြစ်ပြီး ဟိုချီမင်း- ရန်ကုန်- ဟိုချီမင်း ခရီးစဉ်တွေကိုတော့ အင်္ဂါ၊ ကြာသပတေး၊ တနင်္ဂနွေ ၃ ရက်ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနဲ့ ဗီယက်နမ် နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့အတွက် ဗီယက်နမ် သွားမယ့် မြန်မာတွေ ၁၄ ရက် ဗီဇာရကြမယ် ဖြစ်ပါတယ်။