ဝါရှင်တန်တွင် အသက် ၅ နှစ်မှ ၁၁ ကြား ကလေးများ ကိုဗစ်ကာကွယ်ဆေးထိုး

အမေရိကန်ပြည်ထောင်စုမှာ ခုသီတင်းပတ်အတွင်း ဖက်ဒရယ်အာဏာပိုင်တွေက အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး  အားဖြည့်-ထိုးဆေး အတွက် အသက် ၅  နှစ်မှ ၁၁  နှစ်ကြား ကလေးငယ်တွေဟာ ဆီယက်တဲလ်ရှိ ဝါရှင်တန် တက္ကသိုလ် ဆေးကုစင်တာမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းကို သွားရောက်ခဲ့ကြပါတယ်။ 

အမေရိကန်ရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနတွေကို အကြံပေးရတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးအားလုံးဟာ မူလ ကာကွယ်ဆေးထိုးမှု ပြီးမြောက်လို့ အနည်းဆုံး ငါးလအကြာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အားဖြည့် ထိုးသင့်ကြောင်း မေ ၁၉ ရက် က ထောက်ခံမဲပေးခဲ့ကြပါတယ်။

ဒီသီတင်းပတ်အစောပိုင်းက အမေရိကန်၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဟာ အသက် ၅  နှစ်မှ ၁၁  နှစ်ကြား ကလေးတွေအတွက် Pfizer နဲ့ BioNTech ရဲ့ ကိုဗစ်ကာကွယ်ဆေးကို အားဖြည့်ဆေးအဖြစ် အသုံးပြုခွင့်ပေးထားပြီး နိုင်ငံအတွင်း အသက် ၅ နှစ်အထက်လူတိုင်းကို တတိယအကြိမ် ဆေးထိုးခိုင်းထားပါတယ်။ 

“အနည်းဆုံးတော့ အသက်မသေနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ ပတ်၀န်းကျင်ကို မပြန့်ပွားအောင် ကြိုးစားဖို့ပဲ မျှော်လင့်နေပါတယ်”လို့ ဆေးသွားထိုးတဲ့ အသက် ၁၀ နှစ် အရွယ် ကလေးငယ်က ပြောပါတယ်။ 

၂၉ ရာခိုင်နှုန်းကျော်သာ ရှိတဲ့ အသက် ၅  နှစ်မှ ၁၁ နှစ်ကြား အမေရိကန်ကလေးတွေကို Pfizer/BioNTech ထိုးဆေး နှစ်ကြိမ် အပြည့်အဝ ကာကွယ်ဆေးထိုးထားပြီးသားလို့ ယူဆထားပြီး အသက် ၅ နှစ်အောက် ကလေးတွေအတွက်တော့ ကာကွယ်ဆေးထိုးခွင့် မပြုထားသေးပါဘူး။

//
More News
Up