နိုဘယ်ဆုရှင် ဟိုဆေးရာမို့စ်ဟော်တာ အရှေတီမောနိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာဆို

အရှေ့တီမော လွတ်လပ်ရေးခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဟိုဆေးရာမို့စ်ဟော်တာဟာ နိုင်ငံရဲ့ ၅ ဆက်မြောက် သမ္မတအဖြစ် မေ ၁၉ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးတော့ သူ့ရဲ့ရာထူးသက်တမ်းအတွင်းမှာ အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာစေဖို့နဲ့ တရုတ်နိုင်ငံနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကတိကဝတ် ပြုခဲ့ပါတယ်။ 

ညသန်းခေါင်ယံအချိန်မတိုင်ခင်လေးမှာ မီးရှူးမီးပန်းတွေနဲ့ အမြောက်တွေ ပစ်ဖောက် ဆူညံ ကျင်းပနေတဲ့ မြို့တော် ဒီလီက အသက် ၇၂ နှစ်အရွယ် သမ္မတသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လူထောင်ပေါင်းများစွာ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ 

မေ ၁၉ရက်က ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားဟာ အရှေ့တီမော လွတ်လပ်ရေးရ ပြီးနောက် အနှစ် ၂၀ ပြည့် အထိမ်းအမှတ်လည်း ဖြစ်ပါတယ် 

ရာမို့စ်ဟော်တာဟာ  အရှေ့တီမောရဲ့ ထင်ရှားကျော်ကြား နိုင်ငံရေးပုဂ္ဂိုလ်တွေထဲက တဦးဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို တက်ကြွစွာအားပေးထောက်ခံခဲ့သူတတဦးလည်းဖြစ်ပါတယ်။

နိုင်ငံအင်ဒိုနီးရှားလက်အောက်က မလွတ်မြောက်သေးခင်  အရှေ့တီမောပြောက်ကျား လှုပ်ရှားမှုအတွက် ပြည်ပရောက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆယ်စုနှစ်ချီ တာဝန်ယူခဲ့ပါတယ်။

၂၀၀၂ ခုနှစ် အရှေ့တီမာနိုင်ငံ လွတ်လပ်ရေးရတဲ့အခါ ရာမို့စ်ဟော်တာဟာ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီး ၂၀၀၆ ခုနှစ်မှာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။   ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

//
More News
Up