မီတာခ တိုးရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြု
DVB
·
March 19, 2014
မတ် ၁၇ ရက်နေ့မှာ အစိုးရအဖွဲ့က တင်ပြတဲ့ တိုးမြှင့်ကောက်ခံမယ့် မီတာခ နှုန်းထားသစ်နဲ့ ပတ်သက်ပြီး အမတ်တချို့နဲ့ အစိုးရ၀န်ကြီးဌာန တာဝန်ရှိသူတချို့ လွှတ်တော် ပြင်ပမှာ ဆွေးနွေးညှိနှိုင်းကြပြီးနောက် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြု ပေးလိုက်ပါတယ်။
အခု အတည်ပြုလိုက်တဲ့ မီတာခ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁၀၀ အထိ ၁ ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၂၀၀ အထိ ကျပ် ၄၀၊ ယူနစ် ၂၀၀ အထက် ကျပ် ၅၀ နှုန်း၊ စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံး ယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁၀၀ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅၀ ကျပ်နဲ့ ယူနစ် ၂ သိန်းကနေ ၃ သိန်းအထိ ၁၂၅ ကျပ်၊ သုံးသိန်းနဲ့ အထက် ၁၀၀ ကျပ် အဖြစ် ပြန်လည် လျော့ချ သတ်မှတ်ထားပါတယ်။
ခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ ယူနစ်ကို ၅၂ ပြား၊ ၁ နှစ်ကို ကျပ်ငွေ သန်း ၇၇၀ ရှုံးဦးမယ်လို့ လွှတ်တော်ထဲမှာ တွက်ချက်ပြထားကြောင်း သိရပါတယ်။