SSPP/SSA ဌာနချုပ်တွင် ကျင်းပသည့် ၆၄ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနား (ဓာတ်ပုံ)

၆၄ နှစ်မြောက် ရှမ်းပြည်တော်လှန်းရေးနေ့အခမ်းအနားကို မေလ ၂၁ ရက် ဒီနေ့ မနက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဗဟိုဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းဒေသမှာ ကျင်းပခဲ့ပါတယ်။

SSPP/SSA တပ်ဖွဲ့ဟာ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၀င်ဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA) ကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်ပါတယ်။  လတ်တလော အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ်လို့ စာရင်းပေးထားတဲ့ အဖွဲ့ တဖွဲ့လည်း ဖြစ်ပါတယ်။ 

//
More News
Up