မီတာခ တိုးရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြု

မတ် ၁၇ ရက်နေ့မှာ အစိုးရအဖွဲ့က တင်ပြတဲ့ တိုးမြှင့်ကောက်ခံမယ့် မီတာခ နှုန်းထားသစ်နဲ့ ပတ်သက်ပြီး အမတ်တချို့နဲ့ အစိုးရ၀န်ကြီးဌာန တာဝန်ရှိသူတချို့ လွှတ်တော် ပြင်ပမှာ ဆွေးနွေးညှိနှိုင်းကြပြီးနောက် ပြည်ထောင်စုလွှတ်တော်က ဒီနေ့ အတည်ပြု ပေးလိုက်ပါတယ်။ parlimentအခု အတည်ပြုလိုက်တဲ့ မီတာခ နှုန်းထားတွေကတော့ အိမ်သုံး ယူနစ် ၁၀၀ အထိ ၁ ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၂၀၀ အထိ ကျပ် ၄၀၊ ယူနစ် ၂၀၀ အထက် ကျပ် ၅၀ နှုန်း၊ စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံး ယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁၀၀ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅၀ ကျပ်နဲ့ ယူနစ် ၂ သိန်းကနေ ၃ သိန်းအထိ ၁၂၅ ကျပ်၊ သုံးသိန်းနဲ့ အထက် ၁၀၀ ကျပ် အဖြစ် ပြန်လည် လျော့ချ သတ်မှတ်ထားပါတယ်။ ခုလို နှုန်းထားအသစ်နဲ့ တိုးမြှင့်ကောက်ခံတာတောင် အစိုးရဟာ ၁ ယူနစ်ကို ၅၂ ပြား၊ ၁ နှစ်ကို ကျပ်ငွေ သန်း ၇၇၀ ရှုံးဦးမယ်လို့ လွှတ်တော်ထဲမှာ တွက်ချက်ပြထားကြောင်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up