ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံ နေရာအနှံ့အပြား မိုးသည်းထန်ပြီး ရေကြီးနေ (ဓာတ်ပုံ)

ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်အပါအဝင် နေရာအနှံ့အပြားမှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်ကနေ ဒီကနေ့ မေလ ၂၁ ရက်နေ့ထိ  မိုးသည်းထန်ပြီး ရေကြီးရေလျှံနေပါတယ်။ 

အထူးသဖြင့် ထိုင်းအရှေ့မြောက်ပိုင်း ၊ မြောက်ပိုင်း ၊ အလယ်ပိုင်း ဘန်ကောက်နှင့်အနီးတဝိုက် ၊ ထိုင်းအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံ ၊ ယာဉ်ကြောပိတ်ဆို့၊ ရေတိုက်စားလို့ လမ်းတွေပျက်စီးပြီး ကယ်ဆယ်ရေးအဖွဲ့က ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်ထုတ်နေကြရပါတယ်၊

ထိုင်းနိုင်ငံနေရာအနှံ့အပြားမှာ မေလ ၁၉ ရက်မှ ၂၅ ရက်နေ့ထိ  မိုးရွာသွန်းပြီး တချို့နေရာတွေမှာ မိုးသည်းထန်ကာ ရေကြီးရေလျှံဖြစ်မယ်လို့  မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

Photo Credit- AECNews/ChiangMaiNews

//
More News
Up