ရှန်ဟိုင်းမြို့ခံများကို လွတ်လပ်စွာ ဈေးဝယ်ခွင့်ပြု

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ကျဆင်းသွားတာကြောင့် အာဏာပိုင်တွေဟာ မေ ၁၉ ရက်နေ့က မြို့ခံတွေကို ပထမဆုံးအကြိမ် လွတ်လွတ်လပ်လပ် ဈေးဝယ်ထွက်ခွင့် ပေးခဲ့ပါတယ်။

အိမ်တအိမ်စီ လူတယောက် ဆိုင်ကို မိနစ် ၄၀ ကြာ သွားရောက်လို့ရပြီး ယွမ် ၅၀၀ အထိ သုံးစွဲလို့ရပါတယ်။

ဒေသခံတွေကိုလည်း ဆိုင်ကို လမ်းလျှောက်သွားဖို့၊ ဒါမှမဟုတ် စက်ဘီးစီးသွားဖို့ အကြံပြုထားပြီး ဝင်ပေါက်မှာလည်း နှစ်မီတာအကွာစီ တန်းစီကြဖို့ ညွှန်ကြားထားပါတယ်။

“ဒီလိုလုပ်ပေးတာ ကောင်းတယ်။ စိတ်ထဲမှာလည်း ပျော်တယ်။ လော့ဒေါင်း ရုပ်သိမ်းတာလည်း စနေပြီ။ ကျနော်တို့အတွက် သတင်းကောင်းပါပဲ” လို့ ဈေးသည် ကျုံးရန်ချိုးက ပြောပါတယ်။

လူဦးရေ ၂၅ သန်းရှိတဲ့ စီးပွားရေးအချက်အချာမြို့ ထိုင်ဝမ်မှာတော့ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုဟာ ကပ်ရောဂါ စတင်ကတည်းကနေ မေ ၁၉ ရက်က အရေအတွက် ၉ သောင်းကျော်သွားတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိလာပါတယ်။

ကူးစက်ရောဂါဆိုင်ရာ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာတော့ ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးက ဆေးဘက်ဆိုင်ရာစနစ်ဟာ ကောင်းမွန်နေကြောင်း ပြောကြားပါတယ်။

ထိုင်ဝမ်ဟာ အရင်က ကိုဗစ် လုံးဝကင်းစင်ရေး ရှုထောင့်ကို လက်ခံကျင့်သုံးပြီးနောက်မှာတော့ အခုခါ ဗိုင်းရပ်စ်နဲ့ အတူယှဉ်တွဲနေထိုင်ဖို့ ရွေးချယ်လာပါတယ်။

//
More News
Up