ယူကရိန်းနိုင်ငံ မြို့တော် ကီးယက်ဗ်တွင် အမေရိကန်သံရုံး ပြန်ဖွင့်

ယူကရိန်းနိုင်ငံ မြို့တော်ကီးယက်ဗ်မှာ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ၃ လကြာ ပိတ်ထားခဲ့တဲ့ အမေရိကန်သံရုံးကို မေ ၁၇ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပါပြီ။

သံရုံးဝင်းထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ အလံကို ပြန်လွှင့်ထားလိုက်ပါပြီလို့ သံရုံးရဲ့ ပြောခွင့်ရ ဒန်နီရယ်လန်ဂန်ကမ့်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သံရုံးဖွင့်ဖွင့်ချင်းမှာ ဝန်ထမ်းနည်းနည်းနဲ့ လုပ်ငန်းတွေ ပြန်လုပ်မယ်လို့လည်း ပြောပါတယ်။

ကောင်စစ်ဝန်ရုံးကတော့ လောလောဆယ် ပြန်ဖွင့်မှာမဟုတ်သလို အမေရိကန်နိုင်ငံသားတွေ ယူကရိန်းနိုင်ငံဆီ ခရီးမသွားကြဖို့ သတိပေးချက်ကိုလည်း ပြန်ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန်သံရုံးကို ဖေဖောဝါရီ ၁၄ ရက်နေ့မှာ ပိတ်ခဲ့တာပါ။ နောက်ထပ် ၁၀ ရက်အကြာမှာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့ပါတယ်။

သံရုံးဝန်ထမ်းတွေဟာ စစ်ဖြစ်တဲ့ကာလ ပထမ ၂ လမှာ ပိုလန်ဘက်အခြမ်းမှာ ရှိနေခဲ့ကြပြီး မေ ၂ ရက်မှာတော့ သံရုံးတာဝန်ခံ ခရစ္စတီးနားကက်ဗင်ဟာ ယူကရိန်းကို တခေါက် ပြန်လာကြည့်ပြီး အခုတော့ သံရုံးကို ပြန်ဖွင့်လိုက်တာပါ၊

အမေရိကန်နည်းတူ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့ကလည်း ကီးယက်ဗ်မှာ သံရုံးတွေကို ပြန်ဖွင့်ထားလိုက်ကြပြီး ဖြစ်ပါတယ်။

//
More News
Up