တာတာတိုင်းရင်းသားများ ရုရှားအုပ်ချုပ်မှုအောက် ပြန်သွားရမည်ကို စိုးရိမ်

ဓာတ်ပုံ - အေပီ

ကရိုင်းမီယားဒေသ လူထုဆန္ဒခံယူပွဲအတွင်း ယူကရိန်းကို စွန့်ခွာပြီး ရုရှားကို ပူးပေါင်းချင်သူတွေက အောင်ပွဲတွေ ကျင်းပနေချိန် တာတာတိုင်းရင်းသားတွေကတော့ ရုရှား အုပ်ချုပ်မှုအောက်ကို ပြန်သွားရမယ့်အရေး စိုးရိမ်နေကြပါတယ်။

[caption id="attachment_53387" align="alignright" width="300"]ဓာတ်ပုံ - အေပီ ဓာတ်ပုံ - အေပီ[/caption]

တာကစ်မျိုးနွယ် ဆွန်နီမွတ်စလင်တွေ ဖြစ်ကြတဲ့ တာတာတိုင်းရင်းသားတွေဟာ ကရိုင်းမီယားကို သူတို့ရဲ့ ဇာတိမြေအဖြစ် သတ်မှတ်ထားကြတာပါ။

ဒါပေမယ့် သူတို့ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်စစ်တပ်က အလယ်အာရှကို ပြည်နှင်ဒဏ်ပေးတာ ခံခဲ့ရပါတယ်။

မတ် ၁၆ ရက်နေ့ လူထုဆန္ဒခံယူပွဲကို သပိတ်မှောက်ပေမယ့် ခုတော့ သူတို့ဟာ ရုရှားလက်အောက် ပြန်ရောက်မယ့်အရေးကို ရင်ဆိုင်နေရပါတယ်။

လူဦးရေ ၂ သန်းနေထိုင်တဲ့ ပင်လယ်နက်ကျွန်းဆွယ်အတွင်း တာတာ တိုင်းရင်းသားမျိုးနွယ်စုက ၁၂ ရာခိုင်နှုန်းသာ ရှိနေတာ ဖြစ်ပါတယ်။

ကရိုင်းမီယားရဲ့ ရုရှားဘက်ယိမ်းတဲ့ အာဏာပိုင်တွေကတော့ ဒေသခံ အစိုးရအဖွဲ့တွေမှာ တာတာတွေရဲ့ ကိုယ်စားပြုမှုကို သူတို့ အာမခံမယ်လို့ ပြောပါတယ်။ တာတာတွေအတွက် သင့်တော်တဲ့ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးနဲ့ ဘဏ္ဍာရေး အကူအညီတွေ ပေးမယ်လို့ ဆိုပါတယ်။

ကရိုင်းမီယား ခွဲထွက်ရေး အာဏာပိုင်အဖွဲ့ခေါင်းဆောင် ဆာဂီ အဲခ်စ်ယိုနော့ဗ်ကတော့ တာတာတွေအတွက် ဘဏ္ဍာငွေကို ဒီနှစ်မှာ ၂ ဆတိုးပေးမယ်လို့ ပြောပါတယ်။

//
More News
Up