အီရတ်တွင် သဲမုန်တိုင်းကြောင့် လေဆိပ်၊ စာသင်ကျောင်းနှင့် အစိုးရရုံးများ ပိတ်ထားရ

အီရတ်နိုင်ငံမှာ မေ ၁၆ ရက်က သဲမုန်တိုင်း အကြီးအကျယ် တိုက်ခတ်ခဲ့လို့ အစိုးရကျောင်းတချို့နဲ့ ရုံးတချို့ ပိတ်ခဲ့ရပြီး ဘဂ္ဂဒက်နိုင်ငံတကာ လေဆိပ်မှာလည်း လေကြောင်းခရီးစဉ်တွေကို ရပ်ထား ခဲ့ရပါတယ်။

ဘဂ္ဂဒက်မြို့ပေါ်က ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် အာဏာပိုင်တွေက ကျန်းမာရေး ဝန်ဆောင် မှုကလွဲလို့ ကျန်တဲ့ ဒေသန္တရအစိုးရရုံးတွေကို တရက်ပိတ်ကြောင်း ကြေညာခဲ့ပါတယ်။

သဲမုန်တိုင်းတွေကြောင့် မြို့တော်နဲ့ တောင်ပိုင်းမြို့တွေမှာ ရာချီတဲ့ လူတွေဟာ အသက်ရှူ ရခက်လို့ ဆေးရုံတွေဆီ ရောက်လာခဲ့တယ်လို့ ဆေးဘက်အရာရှိတွေက ပြောပါတယ်။

မြင်နိုင်စွမ်း ကျနေလို့ နောက်ထပ် အသိပေးစာ မထုတ်မချင်း လေကြောင်းခရီးစဉ် အားလုံးကို ရပ်ထားပြီး လေပိုင်နက်ကို ပိတ်ထားတယ်လို့ ဘဂ္ဂဒက်နိုင်ငံတကာလေဆိပ်က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ကျန်ခဲ့တဲ့ သီတင်းပတ် နည်းနည်းအတွင်း အီရတ်မှာ တပတ်ကို သဲမုန်တိုင်း အနည်းဆုံး တကြိမ် တိုက်ခတ်လို့ အဆိုးဆုံးနှစ်အဖြစ် အီရတ်ပြည်သူတွေက ပြောပါတယ်။

အီရတ်ဟာ ရာသီဥတုဘေးဒုက္ခ အကျပ်အတည်းအတွင်း ကမ္ဘာပေါ်မှာ ဒဏ်မခံနိုင်ဆုံး ငါးနိုင်ငံမြောက် နိုင်ငံဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လတ်တလော နှစ်တွေအတွင်း အီရတ်မှာ အပူချိန် စံချိန်သစ် တင်ခဲ့ပြီး အနိမ့်ဆုံး ၅၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ အပူချိန်ကို မှတ်တမ်းတင် ထားပါတယ်။

//
More News
Up