ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ဖြစ်ပွားနေချိန် ပြုံယမ်းမြို့ရှိ ဆေးဆိုင်များကို ကင်မ်ဂျုံအန်းသွားရောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ မြို့တော်ပြုံယမ်းရှိ ဆေးဆိုင်တွေဆီ သွားရောက် လည်ပတ်နေပုံကို မြောက်ကိုရီးယား အစိုးရမီဒီယာ KRTက မေလ ၁၆ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

မြောက်ကိုရီးယားမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ ၄၀ ကျော်ရှိလာပြီးနောက် ကပ်ရောဂါကူးစက်မှုကို တားဆီးနိုင်ဖို့ ကြိုးစားနေတာပါ။

ကင်မ်ဟာ မေလ ၁၅ ရက်မှာ ဆေးဆိုင်တွေဆီ သွားရောက်ခဲ့တာဖြစ်ပြီး အရေးပေါ် ပေါ်လစ်ဗျူရို အစည်းအဝေးကိုလည်း ခေါ်ယူခဲ့တာပါ။

မြို့တော်မှာ COVID-19 ဆေးဝါးတွေ ဖြန့်ဝေပေးထားပြီး တည်ငြိမ်စေဖို့ စစ်တပ်ကို အမိန့်ပေးခဲ့ ပါတယ်။

အာဏာပိုင်တွေဟာ နိုင်ငံတော်ရဲ့ အရန်ဆေးဝါးတွေကို ဖြန့်ဖြူးဖို့ အမိန့်ပေးခဲ့ပေမဲ့ ဆေးဆိုင်တွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ချောချောမောမော ဆောင်ရွက် လုပ်ဆောင်ဖို့ အဆင်သင့်မရှိဘူးလို့ ကင်မ်က ပြောတဲ့အကြောင်း အစိုးရရုပ်သံ KCNAကပြော ပါတယ်။

အစိုးရအဖွဲ့နဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍတို့ က တာဝန်မဲ့တဲ့ အလုပ်သဘောထား၊ အဖွဲ့အစည်းနဲ့ အကောင်အထည်ဖော်ပုံတွေကိုလည်း ကင်မ်က ဝေဖန်ခဲ့ကြောင်း KCNA  သတင်းမှာ ထုတ်လွှင့်သွားပါတယ်။

//
More News
Up