ရုရှားသံရုံးဝန်ထမ်းများကို FBI နှင့် CIA က စည်းရုံးသိမ်းသွင်းနေ ရုရှားသံအမတ်ပြော

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI နဲ့ အမေရိကန်  ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA တို့က မြို့တော် ဝါရှင်တန်ဒီစီမှာ ရှိတဲ့ ရုရှားသံရုံးဝန်ထမ်းတွေကို စည်းရုံးသိမ်းသွင်းတာဟာ လက်မခံနိုင်စရာပဲလို့ ရုရှားသံအမတ်က ပြောပါတယ်။

ရုရှားသံရုံးဝန်ထမ်းတွေဟာ ရုရှားသံရုံးအနီးတဝိုက်မှာတင် FBI နဲ့ CIA  အတွက် အလုပ်လုပ်ပေးဖို့ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်တာကိုရော နားပူနားဆာ လုပ်တာကိုပါ ခံနေရတယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီအန်တိုနော့ဗ်က မေလ ၁၆ ရက်မှာ အစိုးရ မီဒီယာကို ပြောလိုက်တာပါ။

“ကျနော်တို့ နိုင်ငံသားတွေနဲ့ နိုင်ငံခြား အထူးတာဝန်တွေကို ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို ဆက်ဆံရာမှာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ ပြောင်တင်းတဲ့ အပြုအမူတွေကို အမေရိကန် နိုင်ငံထဲက သံတမန်ရေးရာ အကြီးအကဲက စိုးရိမ်ပူပန်သလို ကျနော်တို့လည်း စိုးရိမ်တယ်”လို့  ရုရှ သမ္မတနန်းတော်ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ဖုန်းထဲကနေ ပြောခဲ့ပါတယ်။ 

//
More News
Up