Live
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ
DVB
·
May 16, 2022

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားဖန်းရွာကနေ ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မေ ၁၆ ရက်နေ့မှာ မနက် ၁၀ နာရီခွဲလောက် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်မြို့ရဲ့ရှေ့ဘက်မှာ မိုင်းဆွဲခဲ့တာဖြစ်ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ ဘုတလင်တောကျီးကန်းအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ သားဖန်းရွာကနေ ဘုတလင်မြို့ဘက်ပြန်လာတဲ့စစ်ကြောင်းကို လမ်းတဝက်ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ မိုင်းကွင်းထဲကို တန်းတန်းမတ်မတ်ဝင်လာတဲ့အချိန်ကို ဆွဲနိုင်ခဲ့တယ်ဗျ။ အထိခိုက်ကတော့များမယ်။ အတိကျတော့ မပြောနိုင်ဘူးဗျ။ ကျနော်တို့ဘက်ကတော့ လက်နက်ကြီးကျည်ထိမှန်ပြီး တဦးကျဆုံးခဲ့တယ်။ အဖွဲ့ကတော့ ကြေးမှုံအဖွဲ့က ရဲဘော်တယောက်ပါ။”

အခုစစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အရပ်လေးမျက်နှာကနေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တောကျီးကန်းအဖွဲ့၊ ရမ်းဘီလူးမုတ်ဆိတ်အဖွဲ့၊ ပျံလွှားအဖွဲ့နဲ့ ကြေးမှုံအဖွဲ့တို့က  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024