ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာအခြေစိုက်တဲ့ အဖြူရောင်ကမ်းလက်များအဖွဲ့က မေလ ၁၄ ဒီကနေ့ ကဆုန်လပြည့်နေ့မှာ သက်ကြီးပူဇော်ပွဲ ပထမဆုံးအကြိမ် ပြုလုပ်သွားပါတယ်။
အသက် ၆၅ နှစ်အထက် မြန်မာရွှေ့ပြောင်းသက်ကြီးသူ ဘိုးဘွား အယောက် ၄၀ တို့ကို အဖြူရောင်ကမ်းလက်များအဖွဲ့က ဦးဆောင်ကာ မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပူးပေါင်းပြီး သက်ကြီးပူဇော်ခဲ့ကြတာဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ရွှေ့ပြောင်းသက်ကြီးပူဇော်ပွဲကို အဖွဲ့စည်းတွေက နှစ်စဉ်ပြုလုပ်လေ့ရှိပေမဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေကြောင့် ထိုင်းကျန်းမာရေးဌာနက ခွင့်ပြုချက်မပေးလို့ သက်ကြီးပူဇော်ပွဲတွေကို မလုပ်ဖြစ်တာ ၂ နှစ်လောက်ရှိသွားပြီ ဖြစ်ပါတယ်။