အကောင်းဆုံးနည်းပြစာရင်းတွင် ပါဝင်သင့်သူများ ချန်လှပ်ခံရသဖြင့် ဝေဖန်မှုများထွက်ပေါ်

ပရီးမီးယားလိဂ်တနှစ်တာ အကောင်းဆုံးနည်းပြဆန်ကာတင်စာရင်းမှာ ပါဝင်သင့်သူများ ချန်လှပ်ခံခဲ့ရတဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင် ၅ ဦးကို ရွေးချယ်ထုတ်ပြန်သွားခဲ့ပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ လီဗာပူး နည်းပြ ယာဂန် ကလော့ပ်တို့က အငြင်းပွားဖွယ်ရာမရှိဘဲ ရွေးချယ်ခံခဲ့ရပါတယ်။ 

ဒါပေမယ့် ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်၊ ခရစ္စတယ်ပဲလေ့နည်းပြ ဗီအဲရာ၊ နယူးကာဆယ်နည်းပြ အက်ဒီဟောက်စ်တို့ကို ရွေးချယ်မှုမှာ တော့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

အထူးသဖြင့် ဝက်စ်ဟမ်းအသင်း ကို  ခြေစွမ်းမြင့်တက်လာအောင်စွမ်းဆောင်ခဲ့တဲ့ နည်းပြ ဒေးဗစ်မိုယက်စ်၊ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာ၊ ဝုဗ်နည်းပြ ဘရူနိုလက်ချ်တို့ မပါဝင်ခဲ့တဲ့အပေါ် ဆုရွေးချယ်ရေးအဖွဲ့အား ဝေဖန်မှုတွေရှိခဲ့တာပါ။ 

နယူးကာဆယ်အသင်းကို နိုဝင်ဘာလကမှ ရောက်ရှိလာတဲ့ အက်ဒီဟောက်အနေနဲ့ နည်းပြမိုယက်စ်ကို ကျော်လွန်ပြီး ရွေးချယ်ခဲ့တာက ဆုရွေးချယ်ရေးအဖွဲ့ကို ထုတ်ပယ်သင့်ကြောင်း ပရိသတ်တဦးက တွစ်တာကနေဝေဖန်ပါတယ်။ 

တခြားပရိသတ်တဦးကတော့ ခရစ္စတယ်ပဲလေ့ နည်းပြ ဗီအဲရာကိုရွေးချယ်ခဲ့တာက ရယ်စရာအကောင်းဆုံးဖြစ်ပြီး ဘရူနိုလက်ချ်နဲ့ မိုယက်စ်တို့အပြင် ဘရိုက်တန်ကို အဆင့် ၁၆ ကနေ ၉ အထိ မြင့်တက်အောင်စွမ်းဆောင်ခဲ့တဲ့ နည်းပြ ဂရေဟမ်ပေါ်တာကို လည်း မေ့မထားသင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။ 

နောက်ဆုံးရာသီ ၄ ခုမှာတော့ ဂွါဒီယိုလာနဲ့ ကလော့ပ် ၂ ဦးကသာ အကောင်းဆုံးနည်းဆုတွေ တလှည့်စီရယူနိုင်ခဲ့ဖူးပါတယ်။ 

//
More News
Up