ပဲ့ထိန်းဒုံးကျည် ၃ စင်း မြောက်ကိုရီးယား ပစ်လွှတ်

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၃ စင်းကို အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ဆီ မေ ၁၂ ရက်က ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ 

မြောက်ကိုရီးယားက ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နေတာကို ပထမဆုံး ထုတ်ပြန်တဲ့နေ့မှာပဲ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ် စမ်းသပ်ခဲ့တာပါ။ 

ခုတကြိမ် ပစ်လွှတ်မှုဟာ ဒီနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ၁၆ ကြိမ်မြောက် လက်နက်စမ်းသပ်မှုပါ။ .

မြောက်ကိုရီးယားအစိုးရရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘုအို ခိရှိက မေ ၁၂ ရက်မှာ ပြစ်တင်ရှုတ်ချပါတယ်။ 

ဒုံးကျည်ဟာ မြောက်ကိုရီးယား အရှေ့ဘက် ကမ်းရိုးတန်းက ဂျပန် ပင်လယ်အတွင်း၊ ဂျပန်ရဲ့  အထူးစီးပွားရေးဇုန် အပြင်ဘက်ကို ကျရောက်ခဲ့တယ်လို့ ခိရှိက မြို့တော် တိုကျိုက သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

//
More News
Up